ရာသီကြိုနောက်ဆုံးပွဲစဉ်မှာ ပြင်သစ်အင်အားကြီးကလပ် မိုနာကိုနဲ့ ထိပ်တိုက်တွေ့ဆုံသွားမယ့် ကိုဗင်ထရီ
၂၀၂၆-၂၇ ပရီးမီးယားလိဂ်ရာသီ မစတင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် လီဂူးဝမ်းကလပ် AS မိုနာကိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားမယ်လို့ ကိုဗင်ထရီစီးတီးအသင်းက အတည်ပြုလိုက်ပါတယ်။
အဆိုပါပွဲစဉ်ကို သြဂုတ်လ ၁၄ ရက် (သောကြာနေ့)၊ ည ၇ နာရီမှာ Coventry Building Society Arena ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
စကိုင်းဘလူးတို့ဟာ သူတို့ရဲ့ နွေရာသီပြင်ဆင်မှုတွေအဖြစ် ဇူလိုင် ၁၈ ရက်မှာ လိဂ်တူးကလပ် နော့သမ်တန်တောင်းအသင်းဆီ သွားရောက်ကစားမှာဖြစ်ပြီး သြဂုတ် ၈ ရက်မှာတော့ လာလီဂါကလပ် အက်စပန်ညိုအသင်းကို ဧည့်ခံကစားသွားမှာပါ။
အခုအတည်ပြုထားတဲ့ ပွဲစဉ်တွေအပြင် ကိုဗင်ထရီအသင်းဟာ ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ သြဂုတ်လအတွင်းမှာ ပရိသတ်မပါဝင်တဲ့ ကွင်းပိတ်ခြေစမ်းပွဲ အချို့ကိုလည်း စီစဉ်ထားပါတယ်။