မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဂရင်းဝုဒ်
ယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဟာ လီဂူးဝမ်းကလပ် မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရပါတယ်။
အင်္ဂလန်သားကို ဂျူဗင်တပ်စ်၊ လာဇီယို၊ ဒေါ့မွန်တို့လိုအသင်းတွေက စိတ်ဝင်စားခဲ့ကြပေမယ့် မာဆေးလ်အသင်းကသာ ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ၂၂နှစ်သားဟာ မာဆေးလ်ထံ ပေါင်၂၅သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ "မေဆင်ဂရင်းဝုဒ်ဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီး မာဆေးလ်ထံ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းမှာ အငှားသွားကစားခဲ့တဲ့ ၂၂နှစ်သားဟာ ၂၀၁၉ခုနှစ်မှာ ယူနိုက်တက်အသင်းနဲ့ စတင်ပွဲထွက်ခဲ့ပြီးနောက် ၁၂၉ပွဲကစားပြီး ၃၅ဂိုးသွင်းယူခဲ့ပါတယ်။ မေဆင်တစ်ယောက် အနာဂတ်ကစားသမားဘဝမှာ အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်"လို့ ဖော်ပြထားပါတယ်။
မာဆေးလ်အသင်းနဲ့ လက်မှတ်ထိုးခဲ့ပြီးနောက် ဂရင်းဝုဒ်က "စာမျက်နှာအသစ်ကို စတင်ဖို့ တကယ်စိတ်လှုပ်ရှားနေပါပြီ"ဆိုပြီး အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။