
The network connection is lost.

ဂီတာဖေးအသင်းကတော့ ပြီးခဲ့တဲ့လာလီဂါ ပွဲစဉ်အတွင်း ဂရင်းဝုဒ်ကို သီချင်းလုပ်ဝေဖန်ခဲ့ကြတဲ့ ပြိုင်ဘက်အသင်းပရိသတ်တွေကို ဝေဖန်လိုက်ပါတယ်။
အသက် ၂၁ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ထံကနေ အငှားနဲ့ပြောင်းလာခဲ့တာဖြစ်ပြီး စပိန်မြေမှာ ကစားသမားဘဝကို ပြန်လည်စတင်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာတုန်းက လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုကြောင့် လူစာရင်းကနေ ဖယ်ရှားခံခဲ့ပေမယ့် ဖေဖော်ဝါရီတုန်းက ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ဂီတာဖေးအတွက် ပွဲဦးထွက်မှာ အိုဆာဆူနာပရိသတ်တွေရဲ့ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက ဘီဘာလ်အိုအသင်းကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဂရင်းဝုဒ်တစ်ယောက် တိုက်ခိုက်ခံခဲ့ရပြီး “Greenwood,die” ဆိုတဲ့သံပြိုင်သီဆိုမှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဂီတာဖေးကတော့ အခုချိန်မှာ အခုလိုမျိုးတိုက်ခိုက်ခဲ့တဲ့ ပြိုင်ဘက်ပရိသတ်တွေကို အရေးယူဖို့ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
“ဂီတာဖေးအနေနဲ့ အခုလိုမျိုးကစားသမားတစ်ယောက်ကို မနှစ်သက်ဖွယ်ရာစကားလုံးတွေနဲ့ တိုက်ခိုက်ခဲ့တာကို ဖော်ပြချင်ပါတယ်။ အခုလိုမျိုးဖြစ်ရပ်က လာလီဂါအပြင် ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ အခုလိုမျိုး စော်ကားတဲ့ သံပြိုင်သီဆိုမှုတွေက လူ့ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေသလို ကျွန်တော်တို့က လွတ်လပ်မှုကို လေးစားပါတယ်။ ကစားသမားအမြင်အရကြည့်မယ်ဆိုရင် အခုလိုမျိုးလုပ်ရပ်က မဖြစ်သင့်တဲ့အနေအထားပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မလှုပ်မယှက်မနေနိုင်သလို ရှာဖွေမှုတွေလုပ်ဆောင်ပြီး တားမြစ်ရမှာပါ။ အပြုအမူတစ်ခုကြောင့် ကျွန်တော်တို့ လာလီဂါနဲ့ EASports ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်”
“ဂီတာဖေးအသင်းရဲ့ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေက ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်တွေဖြစ်သလို ဒီပြိုင်ပွဲမှာ ပါဝင်နေတာပါ။ ပြီးတော့ အခုလိုအကောင်းဆုံးလိဂ်မှာ မီဒီယာရဲ့ရိုက်ခတ်မှုကလည်း သတိပြုရမှာပါ။ ဒါပေမယ့် အဲ့တာထက် သူတို့က လူတွေဖြစ်တာကြောင့် ခံစားချက်ရှိသလို သူတို့ရဲ့မိသားစု နဲ့ သူငယ်ချင်းတွေကလည်း ခံစားရနိုင်ပါတယ်။ ပြီးတော့ သူတို့က လေးစားမှုနဲ့လည်း ထိုက်တန်ကြပါတယ်။ ပြိုင်ဘက်ပရိသတ်တွေရဲ့လုပ်ရပ်က အသင်းရဲ့ပုံရိပ် ၊ ပြိုင်ပွဲနဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဂီတာဖေးအသင်းက အသင်းတစ်သင်းအနေနဲ့ လူသိများသလို အဖွဲ့အစည်း ၊ ပြိုင်ဘက်အသင်းနဲ့ အခြားဘောလုံးရပ်ဝန်းကလူတွေကို လေးစားမှုရှိပါတယ်။ ဒါပေမယ့် အခုလိုကြေညာချက်ထုတ်ပြန်တာကလည်း ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ကာကွယ်ဖို့ပါ”လို့ ဂီတာဖေးအသင်းက ထုတ်ပြန်ခဲ့ပါတယ်။