The network connection is lost.

Banner Image

ပါတေးစာချုပ်နဲ့ပတ်သက်ပြီး အာဆင်နယ်ရဲ့လုပ်ဆောင်မှုကို ဝေဖန်ပြောကြားလာတဲ့ စတားဟောင်း

အာဆင်နယ်နောက်ခံလူဟောင်း ဂါးလက်စ်က အသင်းဟောင်းရဲ့ပါတေးစာချုပ်သက်တမ်းတိုးမယ့်ကိစ္စနဲ့ပတ်သက်ပြီး အဆင်မပြေမှု ကို ဆူပူကြိမ်းမောင်းလိုက်ပါတယ်။ ပါတေးဟာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အာဆင်နယ်အသင်းကွင်းလယ်ရဲ့အရေးပါတဲ့ကစားသာမးတွေထဲကတစ်ဦးဖြစ်သလို အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

၂ ဦး ၂ ဖက်စာချုပ်သစ်အတွက်ဆွေးနွေးနေပေမယ့် သဘောတူညီမှုတော့မရသေးတာဖြစ်ပါတယ်။ အာတီတာက ကွင်းလယ်ပိုင်းကိုပြင်ဆင်ဖို့လုပ်ဆောင်နေပြီး လက်ရှိမှာ ဇူဘီမန်ဒီ ၊ နော်ဂတ်တို့ကိုခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပါတေးထွက်ခွာမှုနဲ့ပတ်သက်ပြီး ဂါးလက်စ်က “ကျွန်တော်မသိပါဘူး။ သူ့အရည်အချင်းနဲ့ အာဆင်နယ်မှာဆက်နေနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အသင်းဘက်ကကမ်းလှမ်းမယ်ဆိုရင် သူအသာလေးဆက်နေမှာပါ။ အခုတော့ အခြေအနေက တော်တော်ဆိုးဝါးခဲ့ပြီ။ အကောင်းဆုံးက လူအင်အားထပ်ဖြည့်တာဖြစ်ပြီး အစားထိုးဖို့တော့ မဖြစ်နိုင်ပါဘူး။ သူဘာကြောင့်ထွက်ခွာလဲဆိုတဲ့အကြောင်းအရင်းကို ကျွန်တော်သေချာမသိပါဘူး။ ဒါပေမယ့် သူထွက်ခွာခဲ့ရင်အကောင်းဆုံးဖြစ်လာမလားဆိုတာ ကျွန်တော်မသေချာပါဘူး”လို့ ဂါးလက်စ်က ဖြေကြားခဲ့ပါတယ်။

ပါတေးဟာ လာမယ့်ရာသီသစ်အတွက် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပြီး အသင်းဖော်ဟောင်း ဂျော်ဂျင်ဟိုကတော့ ဖလာမင်ဂိုအသင်းထံပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။