The network connection is lost.

Banner Image

ပရီးမီးယားလိဂ်နဲ့လိုက်လျောညီထွေရှိစေဖို့ ကြံ့ခိုင်မှုပိုင်းအကြီးစားပြင်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ ဖလော်ရီယန်ဝစ်ဇ်

ပရီးမီးယားလိဂ်ရဲ့ပြင်းအားနဲ့လိုက်လျောညီထွေမှုရှိစေဖို့ ဆက်လက်ကြိုးစားမှုတစ်ခုအဖြစ် ဖလော်ရီယန်ဝစ်ဇ်ကို ထူးရှယ်ကြံံ့ခိုင်မှုပိုင်းဆိုင်ရာအကြီးစားပြင်ဆင်မှုအစီအစဉ်မှာ ထည့်သွင်းထားပါတယ်။ စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် အင်္ဂလန်မြေဆီရောက်ရှိလာပြီးနောက် ခက်ခဲတဲ့ခရီးလမ်းစတင်မှုကို ရင်ဆိုင်ခဲ့ရသူဂျာမန်လက်ရွေးစင်ကစားသမားက ဝုဗ်နဲ့ရင်ဆိုင်ရတဲ့ လွန်ခဲ့တဲ့သီတင်းပတ်လိဂ်ပွဲစဉ်မှာ လီဗာပူးကစားသမားဘဝအဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

နွေရာသီကာလအတွင်း လေဗာကူဆင်မှ လီဗာပူးဆီ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်က ပရီးမီးယားလိဂ်ခရီးလမ်းကို အားရကျေနပ်စရာမရှိတဲ့ပုံစံမျိုးနဲ့ စတင်လာခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက အင်္ဂလန်ထိပ်တန်းလိဂ် ၁၆ ပွဲဆက်တိုက် ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့စနေနေ့မှာတော့ သူ့ရဲ့ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့ပါတယ်။ 

မာဆေးဆိုဒ်မှာ သူ့ရဲ့အစောပိုင်းကာလရုန်းကန်နေရမှုအပြီး ဖလော်ရီယန်ဝစ်ဇ်အတွက် လီဗာပူးနည်းပြအဖွဲ့က ပရီးမီးယားလိဂ်ရဲ့စိန်ခေါ်မှုတွေနဲ့ကိုက်ညီမယ့် ကြွက်သားပိုင်းဆိုင်ရာတောင့်တင်းသန်မာစေရေး အထူးအစီအစဉ်တစ်ရပ် ပြုလုပ်ပေးခဲ့တယ်လို့Daily Mail ရဲ့အဆိုအရ သိရပါတယ်။ ဒီအစီအစဉ်မှာ အားကစားရုံတွင်း ပြင်းထန်တဲ့ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေပါဝင်ကာ ဖလော်ရီယန်ဝစ်ဇ်ရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို နှစ်ကီလိုဂရမ်မြင့်တက်လာစေပြီး ဝုဗ်နဲ့ပွဲစဉ်အတွင်း ထိပ်တန်းစွမ်းဆောင်ရည်တစ်ရပ် ထွက်ပေါ်လာမှုကို မြင်တွေ့ခဲ့ရပါတယ်။

ကွင်းလယ်ကစားသမားက တိုက်စစ်ဇုန်မှာ ထင်ထင်ရှားရှားပါဝင်ပတ်သက်ကာ ပွဲစဉ်ကို ထိန်းချုပ်ပြီး ပထမပိုင်းပွဲချိန်မပြီးဆုံးခင်မှာတင် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် သူ့ရဲ့ပုံစံကောင်းကိုရှာတွေ့ပြီး ပရီးမီးယားလိဂ်မှာထွန်းတောက်ဖို့ အဆင်သင့်ဖြစ်လာပြီဆိုရင် လီဗာပူးပရိသတ်တွေလည်း စိတ်သက်သာရာ ရရှိသွားပါလိမ့်မယ်။