The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့်ပွဲက အခုချိန်မှာ အရမ်းအရေးကြီးနေပြီလို့ ဖလော်ရီယန်ဝစ်ဇ် ဝန်ခံပြောဆို

လီဗာပူးအသင်းကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ်က ဒီနေ့အတွက် အရေးအကြီးဆုံးအရာအဖြစ် ဘရိုက်တန်နဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ကို မြင်ရဖို့ဖြစ်တယ်လို့ ယူဆနေပါတယ်။။

လီဗာပူးအသင်းက စနေညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အစောဆုံးပွဲစဉ်အဖြစ် ဖယ်လ်မာကွင်းမှာ သွားရောက်ကစားရဖို့ရှိနေပြီး လတ်တလောမှာတော့ ကြိုးကြာနီတွေက အမှတ်ပေးဇယားအဆင့်-၄ နေရာနဲ့ နှစ်မှတ်အကွာ၊ အဆင့်-၅ နေရာမှာ ရှိနေပါတယ်။

liverpoolfc.com နဲ့တွေ့ဆုံချိန် ဖလော်ရီယန်ဝစ်ဇ်က "ဟုတ်ပါတယ်၊ ဒီပွဲက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ကျန်တဲ့ပွဲစဉ်အားလုံးကို အနိုင်ရနိုင်ဖို့အတွက် လိုအပ်တဲ့အရှိန်အဟုန်နဲ့ စွမ်းအင်တွေကို ဖန်တီးနိုင်ဖို့က အသင်းရဲ့စိတ်ဓာတ်ပိုင်းနဲ့ စည်းလုံးမှုအတွက်လည်း အများကြီး အထောက်အကူပြုပါလိမ့်မယ်။"

"အသင်းက အနိုင်မရရှိတဲ့အချိန်မျိုးမှာ အဝတ်လဲခန်းအခြေအနေက သိပ်မကောင်းတတ်ပါဘူး။ ဒါကြောင့် ပိုပြီးကောင်းမွန်တဲ့ ခံစားချက်နဲ့ အငွေ့အသက်တွေ ရရှိဖို့အတွက် အနိုင်ရလဒ်က အမြဲတမ်း အရေးကြီးပါတယ်"

"ဒါကြောင့် အနိုင်ရရှိသွားဖို့က အမြဲတမ်းအကောင်းဆုံးဖြစ်သလို ကျွန်တော်တို့အတွက် ရမှတ်တွေလည်း တကယ်လိုအပ်နေပါတယ်။ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီး အိမ်ကို အနိုင်သုံးမှတ်အပြည့် ယူဆောင်လာနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားပါမယ်"လို့ ပြောပါတယ်။

သူ့ရဲ့ လက်ရှိခြေစွမ်းနဲ့ ပတ်သက်ပြီး ဂျာမနီလက်ရွေးစင်ကစားသမားက "ကျောဒဏ်ရာက အစပိုင်းမှာ ပျောက်သွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ။ နေလို့ကောင်းနေသလို ဒဏ်ရာမရခင် ရပ်တန့်ခဲ့တဲ့နေရာမှ ခြေစွမ်းကောင်းတွေကို ဆက်ပြီး ပြသနိုင်လို့လည်း ပျော်ရွှင်မိပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ခြေစွမ်းပိုင်းဆိုင်ရာ ကိန်းဂဏန်းတွေက ကောင်းမွန်ပြီး ပြောစရာဖြစ်နေတာ မှန်ပေမဲ့ ကျွန်တော့်အတွက်တော့ အသင်းအောင်မြင်ဖို့သာ အရေးကြီးဆုံးပါ။ ဒါပေမဲ့ ကျွန်တော့်ဘက်က ဂိုးသွင်းခွင့်တွေ ဖန်တီးပေးပြီး အခုလိုမျိုး အသင်းကို ကူညီပေးနိုင်လို့ ဝမ်းသာပါတယ်" လို့ ဆိုပါတယ်။