The network connection is lost.

Banner Image

အင်္ဂလန်အသင်းနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အဲရစ်ဒိုင်ယာ

မိုနာကိုစတား အဲရစ်ဒိုင်ယာက သူ့အနေနဲ့ အင်္ဂလန်အသင်းလူစာရင်းမှာမပါဝင်တဲ့အချိန်တိုင်း နာကျင်ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်သလို လူစာရင်းမှာ ပါဝင်နိုင်အောင် အရာအားလုံးလုပ်ဆောင်ထားပြီးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းအတွက် ၄၉ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဒိုင်ယာဟာ ၂၀၂၂ ဆီနီဂေါအသင်းကို အနိုင်ရခဲ့တဲ့ကမ္ဘာ့ဖလားပွဲအပြီးကတည်းက ပါဝင်ကစားခွင့်မရတော့တာဖြစ်ပါတယ်။ ဘိုင်ယန်ကိုပြောင်းရွှေ့ပြီးနောက် အောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့်လည်း တူချယ်က ဒိုင်ယာကို လူစာရင်းထဲမထည့်သွင်းခဲ့တာဖြစ်ပါတယ်။

တူချယ်လက်အောက်မှာ ဒိုင်ယာတစ်ယောက်ကစားခဲ့ပေမယ့်လည်း အင်္ဂလန်အသင်းကိုပြန်လာဖို့တော့ ဝေးကွာနေဆဲဖြစ်ပါတယ်။ အင်္ဂလန်သားက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားချင်နေပါတယ်။ လက်ရှိမှာ ဒိုင်ယာတစ်ယောက် ဘိုင်ယန်ထံကနေ မိုနာကိုအသင်းထံပြောင်းရွှေ့ကစားနေပါတယ်။

“မှန်ပါတယ်။ ကျွန်တော် အင်္ဂလန်အသင်းမှာအရွေးမခံရရင် နာကျင်သလိုပါပဲ။ အချိန်တိုင်းနာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်အရိုးသားဆုံးပြောရရင် အဲ့တာနဲ့ပတ်သက်ပြီး စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဘိုင်ယန်အတွက်အကောင်းဆုံးကစားပေးခဲ့ပါတယ်။
ကျွန်တော်ပွဲတိုင်း သေချာလေးကစားခဲ့ပါတယ်။ လိဂ်ဖလားလည်းရခဲ့သလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ် နဲ့ ဆီမီးဖိုင်နယ်ကစားထားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဒီလိုပွဲတွေကစားခဲ့ပါတယ်။

လူစာရင်းထဲပါဝင်နိုင်ဖို့ ကျွန်တော်အရာအားလုံးလုပ်ဆောင်ခဲ့ပြီးလို့ ခံစားရပါတယ်။ ဒါပေမယ့် လိုချင်တာတော့မဖြစ်လာခဲ့ပါဘူး။ နိုးနိုး။ ကျွန်တော် သူ့လက်ထောက်နဲ့ အကြိမ်တစ်ချို့စကားပြောဖြစ်ခဲ့ပါတယ်။  အန်တိုနီဘယ်ရီပါ။ ကျွန်တော်တို့ ဘိုင်ယန်မှာ တစ်ဦးနဲ့တစ်ဦးသိပါတယ်။ ကျွန်တော်တို့ကြား ကောင်းကောင်းသိပါတယ်။ ပြောဆိုမှုတွေက သီးသန့်ပါ။ 

ဒါပေမယ့် ကျွန်တော့်ရည်ရွယ်ချက်က ရှင်းပါတယ်။ အင်္ဂလန်အသင်းမှာ ကျွန်တော်ပြန်လည်ပါဝင်လာချင်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျွန်တော့်ကစားသမားဘ၀ အကောင်းဆုံးကစားခဲ့ပါတယ်။ ကျွန်တော်ပွဲထဲမှာ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ခံစားရပါတယ်”လို့ ဒိုင်ယာက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ အခုအပတ်ထဲမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အန်ဒိုရာ ၊ ဆားဘီးယားတို့နဲ့ကန်ရမှာဖြစ်ပါတယ်။