The network connection is lost.

Banner Image

အသင်းဖော်အသစ်နဲ့ပတ်သက်ပြီး ဘာတွေးနေလဲဆိုတာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အက်ကီတီကီ

အာဆင်နယ်တိုက်စစ်မှူး အက်ကီတီကီက အသင်းဖော်အသစ် အီဆက်အကြောင်း သူ့အမြင်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြင်သစ်သားဟာ ဇူလိုင်လတုန်းက ပေါင် ၆၉ သန်းနဲ့ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အီဆက်ကတော့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပေါင် ၁၂၅ သန်းနဲ့ နယူးကာဆယ်အသင်းထံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်သားဟာ အီဆက်ရောက်လာပေမယ့်လည်း စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနိုင်နေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့တစ်ရာသီတည်းမှာ တိုက်စစ်မှူး ၂ ဦးအတွက် ပေါင်သန်း ၂၀၀ နီးပါးအထိ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အီဆက် နဲ့ အက်ကီတို့ဟာ အလှည့်ကျပါဝင်ခွင့်ရရှိနေပြီး ဆောက်သမ်တန်နဲ့ကာရာဘောင်ပွဲမှာ အီဆက်အစား အက်ကီက အစားဝင်ခွင့်ရခဲ့သလို အဲဗာတန်နဲ့ပွဲမှာလည်း အီဆက်အစား အက်ကီက လူစားဝင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ထိပ်တန်းအသင်းတစ်သင်းအတွက် ကစားနေရတာပါ။ အသင်းကြီးတစ်သင်းက တိုက်စစ်မှူးတစ်ဦးတည်းနဲ့ကစားတာမျိုး ကျွန်တော် မမြင်မိပါဘူး။ ဒီမှာရှိနေတာ ကောင်းပါတယ်။ ကျွန်တော့်အတွက်လည်း ကောင်းပါတယ်။ ကျွန်တော် သူ့ဆီကနေ အများကြိးသင်ယူခွင့်ရသလို တိုးတက်လာစေနိုင်ပါတယ်။ ကျွန်တော် တိုက်စစ်မှူး ၂ ဦးနဲ့လည်း ကစားနိုင်သလို တစ်ဦးတည်းကစားလည်းအဆင်ပြေပါတယ်။

ဒါကြောင့် ကျွန်တော် အများကြီးလုပ်နိုင်ပါတယ်။ တကယ်လို့ အတူတူကစားနိုင်မယ်ဆိုရင်တောင် ကျွန်တော်အများကြီးလုပ်နိုင်ပါတယ်။ နည်းပြ ကျွန်တော့်ကို အဲ့အကြောင်းမပြောပါဘူး။ သူက ကျွန်တော့်ကို လွတ်လွတ်လပ်လပ်ကစားခွင့်ပေးထားပါတယ်။ ကျွန်တော် အများကြီးလုပ်နိုင်သလို သူကလည်း အသင်းအတွက်အကျိုးပြုနိုင်တာမျိုးပဲ လိုချင်တာပါ”လို့ အက်ကီက ပြောကြားခဲ့ပါတယ်။

အက်ကီဟာ အခုအပတ်ပဲလေ့စ်နဲ့ပွဲကို ကာရာဘောင်ပွဲက အနီကတ်ကြောင့် လွဲချော်ခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ အနီကတ်ထိခဲ့ပြီးနောက် စလော့က အက်ကီရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့သလို ဉာဏ်မရှိတာလို့ ထောက်ပြခဲ့ပါတယ်။ “စနေနေ့ညကပွဲကို ကြည့်ဖြစ်ခဲ့သလို စိတ်ပျက်မိပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလို အသင်းကလူတိုင်းကိုလည်း တောင်းပန်ပြီးပါပြီ။ ဒီလိုမျိုးနောက်မဖြစ်အောင်လည်း သေချာလေးပြင်ဆင်သွားမှာပါ”လို့ အက်ကီက ထပ်လောင်းပြောကြားခဲ့ပါတယ်။