The network connection is lost.

Banner Image

လာမယ့်အပတ်ထဲမှာ သဲသဲကွဲကွဲဖြစ်လာနိုင်ချေရှိတဲ့ အီဒါဆန်ရဲ့အနာဂတ်

သတင်းတွေအရ မန်စီးတီးအသင်းဟာ အီဒါဆန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုပမ်းနေပြီး စာချုပ်သစ်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ဘရာဇီးသားဂိုးသမားကို အယ်လ်နာဆာအသင်းက ချိတ်ဆက်နေတာဖြစ်ပြီး ခေါ်ယူနိုင်ဖို့လည်း အခြေအနေကောင်းနေပါတယ်။

စီးတီးဘက်က ကစားသမားအနေနဲ့ ရော်နယ်ဒိုရဲ့အသင်းကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း တားဆီးမှာမဟုတ်တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းက ဘရာဇီးသားကို တစ်ပတ်လုပ်ခပေါင် ၉ သိန်းအထိ ပေးချေဖို့ ကမ်းလှမ်းထားပါတယ်။

စီးတီးဘက်ကတော့ ဆော်ဒီကလပ်ကမ်းလှမ်းထားတဲ့အနေအထားမျိုးကို လိုက်မမီနိုင်ပဲ လက်ရှိလစာရဲ့ ၇၅%အထိ မြင့်မားနေတာဖြစ်ပါတယ်။

တကယ်လို့ အီဒါဆန်အနေနဲ့ စီးတီးရဲ့စာချုပ်သစ်ကို လက်ခံခဲ့ရင် လာမယ့်ရာသီမှာ တစ်လကိုပေါင် ၁ သန်းနီးပါးရရှိမှာဖြစ်ပါတယ်။

လက်ရှိစီးတီး နဲ့ အီဒါဆန်တို့ကြား စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေသေးတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှပြောင်းရွှေ့ကြေးက ကျဆင်းလာမှာဖြစ်ပါတယ်။

တကယ်လို့ စာချုပ်သစ်မချုပ်ဆိုဖြစ်ရင်တော့ စီးတီးဘက်က ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ဝန်းကျင်လောက်တောင်းဆိုဖွယ်ရှိနေပါတယ်။

အခုချိန်မှာတော့ အီဒါဆန်ဟာ ဘရာဇီးအသင်းကိုပါအမေရိကဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် အနားယူနေပြီး အခုလထဲမှာ အသင်းထံပြန်လာရမှာဖြစ်ပါတယ်။

စီးတီးကတော့ ရာသီကြိုခရီးစဉ်အဖြစ် အမေရိကမြေမှာ ခြေစမ်းပွဲတွေကန်ဖို့ စီစဉ်ထားပါတယ်။