The network connection is lost.

Banner Image

နာပိုလီကို အနိုင်ရရှိခဲ့ပေမဲ့ အခုထက်ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုး ပြသကြဖို့ တောင်းဆိုလိုက်တဲ့ အာတီတာ

ဒီနေ့မနက်ပိုင်း၊ နာပိုလီကို ၀-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အပြီး အာဆင်နယ်နည်းပြအာတီတာက သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေခဲ့ပါတယ်။
 
၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းခဲ့တဲ့ ဂန်းနားတွေက အခုတစ်ကြိမ်မှာတော့ ပိုမိုကောင်းမွန်တဲ့ရလဒ်နဲ့အတူ အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဆုဖလားရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

နေပယ်လ်မြေမှာ အာဆင်နယ်ကပ္ပတိန်အိုဒီဂတ်ရဲ့သွင်းဂိုးနဲ့ ချန်ပီယံလိဂ်ခရီးစဉ်ကို လှလှပပစတင်နိုင်ခဲ့ပေမဲ့ အာတီတာကတော့ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် အားရကျေနပ်မှု လုံး၀မရှိခဲ့ပါဘူး။
 
ပွဲစဉ်အပြီး TNT Sports နဲ့ တွေ့ဆုံချိန် အာတီတာက "ဒီသုံးမှတ်ကိုတော့ အပြည့်အ၀ရသင့်ရထိုက်ပါတယ်။ ကစားပုံစွမ်းဆောင်ရည်ပိုင်းက ရလဒ်အပေါ် သက်ရောက်မှုမရှိခဲ့ပေမဲ့  အသင်းကတော့ ထူးထူးချွန်ချွန်ကစားနိုင်ခဲ့ပါတယ်"
 
"ပြိုင်ဘက်ခံစစ်ကို ကျော်ဖြတ်ဖို့ အခြေအနေတော်တော်များများမှာ အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့ပေမဲ့ အခွင့်အရေးကောင်းတွေ အများကြီး လွဲချော်ခဲ့ရတယ်ဆိုတာတော့ နှမြောစရာကောင်းလွန်းပါတယ်။ တခြားနေ့ရက်တစ်ခုမှာသာဆိုရင် ရလဒ်က အခုထက်ပိုပြီး ကွဲပြားခြားနားသွားနိုင်ပါတယ်"လို့ ပြောပါတယ်။
 
အသင်းခေါင်းဆောင်အိုဒီဂတ်နဲ့ပတ်သက်လို့ ဂန်းနားနည်းပြက "ရလဒ်တွေအပေါ် သက်ရောက်မှုရှိစေတဲ့ သွင်းဂိုးတွေနဲ့အတူ အိုဒီဂတ်ကိုယ်တိုင် ကူညီပေးနေပြီး ဒါက တိုက်စစ်ကစားသမားတစ်ဦးဆီမှ ကျွန်တော်တို့လိုချင်တဲ့ အဆုံးအဖြတ်ပေးနိုင်မှုပဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာလည်း သူက အဆုံးအဖြတ်ပေးနိုင်ခဲ့တယ်ဆိုတာ သေချာပါတယ်"
 
"ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေအရ အခုထက်ပိုမိုကောင်းမွန်တဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်" လို့ ဆိုပါတယ်။