The network connection is lost.

Banner Image

အသင်းဖော်အော်တီဂါကြောင့် စိတ်ထိခိုက်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်လိုက်တဲ့ အီဒါဆန်

မန်စီးတီးဂိုးသမား အီဒါဆန်က အသင်းဖော်ဂိုးသမား အော်တီဂါအပေါ် ချီးကျူးမှုတွေကြောင့် စိတ်ထိခိုက်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်သွားခဲ့ပါတယ်။ ဘရာဇီးသားဟာ ၂၀၁၇ခုနှစ်မှာ မန်စီးတီးထံ ရောက်ရှိလာခဲ့ပြီးနောက် နည်းပြဂွါဒီယိုလာရဲ့အဓိကဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အီဒါဆန်ဟာ ဂျာမနီဂန္တဝင်ဂိုးသမား နူအာရဲ့ခြေရာကိုနင်းကာ ဘောလုံးပေးပို့မှုအကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ အခုအချိန်မှာတော့ ဘရာဇီးသားကို ဆော်ဒီကလ် အယ်လ်အစ်တီဟတ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မန်စီးတီးက ပေါင်သန်း၅၀တန်ကြေး သတ်မှတ်ထားခဲ့ပါတယ်။

The Athleticရဲ့အဆိုအရ ပရီးမီးယားလိဂ်ဆုဖလားရရှိနိုင်ဖို့ အရေးအကြီးဆုံးပွဲစဉ်ဖြစ်တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဆွန်ဟောင်မင်ရဲ့ကန်ချက်ကို ကာကွယ်သွားတဲ့ အော်တီဂါရဲ့လက်စွမ်းအပေါ် ချီးကျူးပြောဆိုမှုတွေကြောင့် အီဒါဆန်တစ်ယောက် စိတ်ထိခိုက်ခဲ့ရကြောင်း သိရပါတယ်။ ဒါပေမယ့် အီဒါဆန်ကတော့ အဆိုပါသတင်းတွေဟာ လုံးဝမှန်ကန်မှုမရှိဘဲ လာမယ့်ရာသီအတွက် ပြင်ဆင်နေကြောင်း ပြောခဲ့ပါတယ်။

အီဒါဆန်က "The Athleticရဲ့ ကျွန်တော့်အကြောင်း ရေးထားတဲ့ မနေ့ကသတင်းဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ ပြောချင်ပါတယ်။ ဒီလိုစွပ်စွဲတဲ့သတင်းဟာ ကျွန်တော့်ကစားသမားဘဝရဲ့ အခက်ခဲဆုံးနေ့ရက်တွေဖြစ်ပြီး အဲ့ဒီတုန်းက ဒဏ်ရာကြောင့် မန်စီးတီးအတွက်ရော ကိုပါအမေရိကမှာ ဘရာဇီးအတွက် ကိုယ်စားပြုခွင့်ကိုပါ ဆုံးရှုံးခဲ့ရတာပါ။ ဒဏ်ရာရနေချိန်မှာ ကျွန်တော့်အတွေးက မန်စီးတီးဖလားထပ်ရဖို့အတွက် ဖြစ်ပေမယ့် ခံစားချက်တွေက တကယ်တမ်းမှာ ပြင်းထန်နေခဲ့ပြီး ဒဏ်ရာကြောင့် ကွင်းကို မမြင်ရတာကြောင့် ဆက်မကစားနိုင်ဘူးဖြစ်ခဲ့ရတာပါ။ အခုတော့ ရာသီသစ်အတွက် အာရုံစိုက်ပြင်ဆင်နေပါပြီ"လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

အီဒါဆန်ရဲ့ဇနီးကလည်း "ရှင်တို့ သတင်းရေးရင် အချက်အလက်မှန်ကန်ဖို့လိုတယ်။ ဒါကြီးက လုံးဝသတင်းအမှားကြီးပါ"လို့ တုံ့ပြန်ခဲ့ပါတယ်။