နိုင်ငံအသင်းကစားသမားကနေ အနားယူကြောင်း ကြေညာလိုက်တဲ့ ဒီမာရီယာ
အာဂျင်တီးနား တောင်ပံကစားသမား ဒီမာရီယာက ကိုပါအမေရိကဖလား ရယူနိုင်ခဲ့ပြီးနောက် နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပါတယ်။ ဒီမာရီယာဟာ ကစားသမားဘ၀ အာဂျင်တီးနား အသင်းနဲ့ အတူ ၂၀၁၀ ၊ ၂၀၁၄ ၊ ၂၀၁၈ နဲ့ ၂၀၂၂ တွေမှာ ကမ္ဘာ့ဖလားပါဝင်ခဲ့ပြီး ၂၀၁၄ မှာ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမယ့် ၂၀၂၂ မှာမှ ကမ္ဘာ့ဖလားရယူနိုင်ခဲ့ပါတယ်။
ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ၂၀၁၅ နဲ့ ၂၀၁၆ ၂ ကြိမ်ဆက်ဖိုင်နယ်မှာ ပါဝင်ခဲ့ပေမယ့် ချီလီကို အရေးနိမ့်ခဲ့ကာ ၂၀၂၁ မှာမှ ကိုပါဖလားရယူနိုင်ခဲ့ပါတယ်။ အဲ့နောက် အခု ၂၀၂၄ မှာလည်း အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါဖလားကို ဒုတိယအကြိမ်ရယူနိုင်ခဲ့ပါတယ်။
ဒီမာရီယာဟာ ၂၀၀၇ တုန်းက အာဂျင်တီးနားယူ - ၂၀ အသင်းနဲ့အတူ ယူ - ၂၀ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာလည်း ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။ အာဂျင်တီးနား အသင်းအတွက် အနားမယူခင် ဒီမာရီယာတစ်ယောက် ၁၆ နှစ်ကြာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။