The network connection is lost.

Banner Image

မန်စီးတီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာက ထူးဆန်းသလိုဖြစ်နေလိမ့်မယ်လို့ နာပိုလီစတားဆို

နာပိုလီကွင်းလယ်လူ ဒီဘရိုင်းက စနေနေ့တုန်းက အခုလနောက်ပိုင်းမှာ မန်စီးတီးနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ် ထူးဆန်းသလိုဖြစ်နေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက စာချုပ်သက်တမ်းမတိုးခဲ့တာကြောင့် နာပိုလီအသင်းထံပြောင်းရွှေ့ခဲ့ရကာ စက်တင်ဘာ ၁၈ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲအဖြစ် အသင်းဟောင်း စီးတီးနဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ကျွန်တော် စီးရီးအေမှာ ၂ ပွဲသာကစားရပါသေးတယ်။ ကွန်တီလက်အောက်မှာက ဂွါဒီယိုလာနဲ့ ခြားနားပါတယ်။ အီတလီမှာက နည်းစနစ်ပိုင်းပိုအသားပေးသလို အခြေအနေတွေက ဖြည်းဖြည်းချင်းရွှေ့လျားတာပါ။ 

ဒါပေမယ့် အဲ့တာကဘောလုံးပါပဲ။ ကျွန်တော် စီးတီးမှာ အခြားနည်းစနစ်တွေနဲ့ကစားဖူးပါတယ်။ နာပိုလီက မကြာခင်မှာ စီးတီးနဲ့ရင်ဆိုင်ရမှာပါ။ အဲ့တာက ထူးဆန်းသလို ဖြစ်နေလိမ့်ပါမယ်။ စီးတီးက ကျွန်တော့်အသင်းပါ။ အဲ့တာက ဘာမှမပြောင်းလဲပါဘူး”လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။