
ဝုဗ်စတားကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ နွေရာသီထိပ်တန်းပစ်မှတ် ဝုဗ်စတား ကန်ဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။ ကန်ဟာကို ယူနိုက်တက်အပြင် အသင်းတော်တော်များများက ချိတ်ဆက်နေပြီး ရိုမာနိုကတော့ ယူနိုက်တက်ဟာ ဘရာဇီးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ အတည်ပြုလာပါတယ်။
ရိုမာနိုက ကန်ဟာ နဲ့ ယူနိုက်တက်တို့ကြား ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ နီးစပ်နေပြီး ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ ဒီရာသီမှာ ကန်ဟာတစ်ယောက် ဝုဗ်အတွက် ပရီးမီးယားလိဂ် ၃၁ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပါတယ်။
ပါရဲရားရဲ့အသင်းမှာ ကန်ဟာရဲ့စွမ်းဆောင်ရည်က အဓိကကျခဲ့တာဖြစ်ပြီး အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားကို အခြားထိပ်တန်းအသင်းတွေကလည်း ချိတ်ဆက်ခဲ့ပေမယ့် အခုချိန်မှာတော့ ယူနိုက်တက်က အသာရလာခဲ့တာဖြစ်ပါတယ်။
၂၀၂၄ - ၂၅ ရာသီမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အာမိုရင်က အခုနွေရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ ကန်ဟာရောက်လာမှုက ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းကို ပိုမိုတောင့်တင်းသွားဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အခုလာမယ့်ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်နဲ့ယူရိုပါလိဂ်ဖိုင်နယ်ကန်ရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။