The network connection is lost.

Banner Image

အီးဇီး နဲ့ပတ်သက်ပြီး သဘောထားရပ်တည်ချက်ကို ပြောကြားလိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်

ပြီးခဲ့တဲ့ရာသီ ချန်ပီယံမှုတွင် အဓိကကစားသမားများ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ထိခိုက်ခဲ့ရပြီးနောက် မီကဲလ် အာတီတာဟာ ယခုနွေရာသီတွင် အသင်းရဲံတိုက်စစ်ကို ဖန်တီးနိုင်စွမ်းနှင့် ဘက်စုံသုံးနိုင်မှုတို့ကို ထပ်မံဖြည့်တင်းရန် စိတ်အားထက်သန်နေပါတယ်။ အီးဇီးဟာ အာတီတာအတွက် တောင်ပံနှင့် ဗဟိုကွင်းလယ်ဖန်တီးရှင်နေရာတွင် ရွေးချယ်စရာများ ပေးနိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပဲလေ့စ် အတွက် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဒ်က ပြီးခဲ့တဲ့ စက်တင်ဘာလက ရရှိခဲ့တဲ့ ခြေချင်းဝတ်ခွဲစိတ်မှုအပြီး ပြန်လည်ကောင်းမွန်လာရန် ရုန်းကန်ခဲ့ရပြီး ခက်ခဲတဲ့ ရာသီကို ဖြတ်သန်းခဲ့ရပါတယ်။ သို့သော် အခြားရွေးချယ်စရာများ နည်းပါးတာကြောင့် ကွင်းလယ်နေရာတွင် ဆက်လက်ကစားဖို့အတွက် နည်းပြက တာဝန်ပေးအပ်ခဲ့ပါတယ်။

အာတီတာက ဆယ်ကျော်သက်လူငယ်ကစားသမား အီသန် နွာနာရီကို နံပါတ် ၁၀ နေရာတွင် လက်ရှိတွင် ယုံကြည်မှုရှိပုံ မရနေပြီး မက်စ် ဒေါင်းမန်းအား နောက်ရာသီတွင် ပထမအသင်းသို့ ခေါ်ယူကာ ပွဲဦးထွက်ကစားခွင့် ရရှိနိုင်ဖွယ်ရှိသော်လည်း စီနီယာအသင်းအတွင် ပွဲထွက်ဖို့အတွက် မျှော်လင့်နေတာက မတရားပါဘူး။

ဖာဘီယို ဗီအဲရာက အငှားစာချုပ်ကုန်ဆုံးကာ ပေါ်တိုမှ ပြန်လာပြီဖြစ်သော်လည်း ပိုလျှံနေတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံရဖွယ်ရှိပြီး သင့်လျော်မှုရှိတဲ့ ကမ်းလှမ်းမှုများ ရောက်ရှိလာပါက ထွက်ခွာဖို့ ရှိနေတာ ဖြစ်ပါတယ်။ အီးဇီးဟာ ယူနိုက်တက်နှင့် တော့တင်ဟမ် ကဲ့သို့သော အသင်းများရဲ့ စိတ်ဝင်စားမှုရရှိထားသော်လည်း အသက် ၁၃ နှစ်အရွယ်တွင် ထွက်ခွာခဲ့တဲ့ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ပိုမိုနှစ်သက်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နှင့် အသက် ၂၇ နှစ်အရွယ် ကစားသမားရဲ့ ကိုယ်စားလှယ်များကြားတွင် အီးဇီးရဲ့ လစာလိုအပ်ချက်များနှင့် လျော်ကြေးသတ်မှတ်ချက် အသေးစိတ်ကို သတ်မှတ်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

The Evening Standard ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ အနည်းငယ်နည်းပါးတဲ့ ပြောင်းရွှေ့ကြေးကို စေ့စပ်ညှိနှိုင်းလိုသော်လည်း ပဲလေ့စ်အနေဖြင့် အသင်းရဲ့ ကစားသမားကို သုံးကြိမ်အရစ်ကျ ပေးချေနိုင်တဲ့ ပေါင် ၆၈ သန်းအောက် မည်သည့်စျေးနှင့်မှ ရောင်းချရန် စဉ်းစားမှာ မဟုတ်ပါဘူး။

တစ်ချိန်တည်းတွင် အာဆင်နယ်ဟာ ချဲလ်ဆီးမှ ဂိုးသမား ကီပါ အာရီဇာဘာလာဂါ ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၀ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်တွင် အငှားဖြင့် သွားရောက်ကစားခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ၃၅ ပွဲ ကစားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒေးဗစ် ရာယာရဲ့ အရန်အဖြစ် ဘုန်းမောက်မှ နီတိုကို ခေါ်ယူခဲ့ဖူးသော်လည်း ဘရာဇီးဂိုးသမားဟာ သူ့ရဲ့ရာသီတစ်လျှောက် အငှားစာချုပ်ကုန်ဆုံးပြီးနောက် မိခင်ကလပ်သို့သာ ပြန်သွားခဲ့ပါတယ်။

၂၀၂၃-၂၄ ရာသီကို ရီးရဲလ်မက်ဒရစ်တွင် ကစားခဲ့သော ကီပါဟာ အာဆင်နယ်နှင့် သုံးနှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးမှာ ပေါင် ၅ သန်းဝန်းကျင်ဟု သိရပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီးသည်နှင့်တစ်ပြိုင်နက် အပြောင်းအရွှေ့က အတည်ဖြစ်မှာ ဖြစ်ပါတယ်။

"ဒီရောက်ရတာက တကယ်ကို တကယ်ကို ပျော်ပါတယ်။ တကယ်ကို စိတ်လှုပ်ရှားပြီး ဖြစ်လာမယ့် အရာတွေကို မျှော်လင့်နေပါတယ်" "ဒီကလပ်မှာ ပြထားတဲ့ ရည်မှန်းချက် နည်းပြ အာတီတာ နဲ့ ဂိုးနည်းပြ အီနာကီ ကာနာ တို့နဲ့ စကားပြောတဲ့အခါ သူတို့ရဲ့ အနိုင်ရချင်စိတ်က ဘယ်လောက် ပြသလဲဆိုတာ မြင်တွေ့ခဲ့ရပြီး ကျွန်တော်တို့ အနိုင်ရဖို့ အရမ်းနီးစပ်နေပြီလို့ ထင်ပါတယ်။ မျှော်လင့်မိပါတယ် အားလုံးပေါင်းပြီး ကျွန်တော်တို့ အောင်မြင်နိုင်ပါလိမ့်မယ်"  လို့ ကီပါက အာဆင်နယ်၏ ဝက်ဘ်ဆိုဒ်သို့ ပြောကြားခဲ့ပါတယ်။