
အခြေအနေတစ်ခုကြောင့် အာဆင်နယ်ကို ငြင်းဆန်ပြီး ဗလင်စီယာတွင် ဆက်နေနိုင်တဲ့ ခရစ္စတီယန် မော့စ်ကွာ
ဂန်နာတို့ဟာ စပိန် ယူ-၂၁ လက်ရွေးစင်ကို အသင်းရဲ့ ထိပ်တန်းခံစစ်ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဝီလျံ ဆာလီဘာနှင့် ဂါဘရီယယ်လ် မာဂါလ်ဟေးစ်တို့ရဲ့ ပွဲထွက်အတွဲအတွက် အရန်နှင့် ပြိုင်ဆိုင်မှုပေးရန် ခေါ်ယူလိုနေပါတယ်။
အာဆင်နယ်ဟာ ယခုရက်သတ္တပတ်အတွင်း ကနဦး ကမ်းလှမ်းမှု ယူရို ၁၉ သန်းကို ပြုလုပ်ခဲ့သော်လည်း ဗလင်စီယာက ချက်ချင်း ပယ်ချခဲ့ပါတယ်။ ယနေ့ ဇွန်လ ၂၉ ရက်တွင် အသက် ၂၁ နှစ်ပြည့်တဲ့ မော့စ်ကွာဟာ မက်စ်တာလာတွင် သူ့ရဲ့စာချုပ် နောက်ဆုံး ၁၂ လ ကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ဗလင်စီယာက သူ့ကို ရေရှည်စာချုပ်ဖြင့် ချုပ်ဆိုရန် စိတ်အားထက်သန်နေပါတယ်။
သို့သော်လည်း ဗလင်စီယာက နောက်ခံလူကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် ကျန်ရှိနေသေးကြောင်း Cadena Ser က ဖော်ပြထားပါတယ်။ မော့စ်ကွာရဲ့ ကိုယ်စားလှယ်များကို မကြာသေးမီက ကလပ်ရုံးခန်းများသို့ ဖိတ်ကြားခဲ့ပြီး မည်သည့်သဘောတူညီချက်မျှ မတင်ပြဘဲ ကလပ်ရဲ့ ရည်ရွယ်ချက်များကို အသိပေးခဲ့တယ်လို့ သိရပါတယ်။
တရားဝင် စာချုပ်ကမ်းလှမ်းမှုကို ဗလင်စီယာ၏ အမှုဆောင်အရာရှိချုပ်အသစ် ရွန်ဂေါ်လေး ရောက်ရှိလာသည်အထိ ဆိုင်းငံ့ထားခဲ့ပြီး ရွန်ဂေါ်လေးဟာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်တွင် သူ့ရဲ့၏ တာဝန်များကို တရားဝင် စတင်ခဲ့ပြီးဖြစ်ပါတယ်။
မော့စ်ကွာဟာ ကားလို့စ် ကော်ဘာရန်ရဲ့ ပထမအသင်းတွင် အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် တိုးတက်လာခဲ့ပြီး အာဆင်နယ်က ဒုတိယအကြိမ် ကမ်းလှမ်းမှုဖြင့် ပြန်လာရန် မျှော်လင့်ရသော်လည်း အခြားသတင်းများက သူဟာ စပိန်တွင် ဆက်လက်နေထိုင်ရန် စဉ်းစားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
Las Provincias က မော့စ်ကွာဟာ အသင်းတွင် သူ့ရဲ့ထင်ရှားတဲ့ အခန်းကဏ္ဍနှင့် ကိုက်ညီသော စာချုပ်အသစ် ကမ်းလှမ်းခံရပါက ကလပ်တွင် ဆက်နေရန် ရွေးချယ်နိုင်တယ်လို့ ဆိုထားပါတယ်။ မော့စ်ကွာရဲ့ အေးဂျင့် ဆာဂျီယို ဘာရီလာဟာ ယခုလအစောပိုင်းတုန်းက ဗလင်စီယာအရာရှိများနှင့် တွေ့ဆုံခဲ့ပြီး စာချုပ်သစ် ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် လပေါင်းများစွာအတွင်း နှစ်ဖက်စလုံး ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်တယ်လို့ သိရပါတယ်။
အာဆင်နယ်က သူတို့ရဲ့ကစားသမားကို စိတ်ဝင်စားကြောင်း မသိရှိမီက ဘာရီလာက ပြောကြားခဲ့သည်မှာ "ကျွန်တော်တို့ ကလပ်နဲ့ စကားပြောဖို့ လာခဲ့ပြီး ရက်အနည်းငယ်အတွင်း ထပ်ပြောပါမယ်၊ နှစ်ဖက်စလုံးက အခြေအနေကို ဆန်းစစ်ပါလိမ့်မယ်"
"ဒီကောင်လေးက ဗလင်စီယာမှာ အရမ်းပျော်နေပါတယ်၊ သူ အမြဲတမ်း အဲ့လိုပဲ ပြောခဲ့ပါတယ်"
"အခုတော့ သူ ယူ-၂၁ လက်ရွေးစင်အသင်းအပေါ် အာရုံစိုက်နေပါတယ်၊ ပြီးရင်တော့ ဖြေရှင်းချက်တွေ ရှာဖွေဖို့ အချိန်ရပါလိမ့်မယ်" ဖြစ်ပါတယ်။ မော့စ်ကွာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်္ဂလန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့သော စပိန် ယူ-၂၁ အသင်းမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ပွဲချိန်ပြည့် မိနစ် ၉၀ ကစားခဲ့ပြီး အနာဂတ်အသင်းဖော် ဖြစ်နိုင်ဖွယ်ရှိတဲ့ အီသန် နွာနာရီနှင့် ခဏတာ ရင်ဆိုင်ခဲ့ရပါတယ်။