The network connection is lost.

Banner Image

အပြောင်းအရွှေ့အကြောင်း ပြောကြားပြီးနောက် နာပိုလီကနေ ထွက်ခွာနိုင်ချေရှိနေတဲ့  ကွန်တီ

နာပိုလီအသင်းနည်းပြ ကွန်တီက အသင်းအပြောင်းအရွှေ့အကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးနောက် နာပိုလီကနေထွက်ခွာနိုင်ချေရှိတယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
နာပိုလီဟာ လက်ရှိမှာ စီးရီးအေချန်ပီယံဆုအတွက် အင်တာမီလန်အသင်းနဲ့ အားပြိုင်နေရတာဖြစ်ပြီး ၆ ပွဲကစားဖို့ ကျန်နေချိန်မှာ ၃ မှတ်အကွာအနေအထားမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် ကွန်တီက အသင်းအနေနဲ့ အပြောင်းအရွှေ့မှာ လုပ်ဆောင်ပေးမှုတွေနဲ့ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေပါတယ်။

“ကျွန်တော် အစောကတည်းက အများကြီးပြောခဲ့ပါတယ်။ အချို့အရာတွေက ဒီအတိုင်းပါပဲ။ အချို့ဟာတွေဆို မရှိတောင်မရှိပါဘူး။ ကျွန်တော် နောက်ပြန်မသွားချင်ပါဘူး။ ဒါပေမယ့် ခင်ဗျားအနေနဲ့ သင်ယူရပါမယ်။ ကာဗာစခီလီယာလိုမျိုးပေါ့။ ကျွန်တော် နာပိုလီကို အဆင့်မြှင့်တင်ပေးတဲ့အသင်းမဖြစ်စေချင်ပါဘူး။ ၈ လအတွင်းမှာ ကျွန်တော်နားလိုက်တာက တော်တော်များများအရာတွေက မဖြစ်နိုင်တာတွေပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။ ကွန်တီဟာ ဇန်နဝါရီတုန်းက ထွက်ခွာခဲ့တဲ့ ကာဗာစခီလီယာနေရာအတွက် အစားထိုးမယ့်ကစားသမားခေါ်ယူပေးဖို့ နာပိုလီကို တောင်းဆိုထားတာကြာနေပြီဖြစ်ပါတယ်။