The network connection is lost.

Banner Image

နည်းပြသစ်ရာထူးအတွက် ကွန်တီကို ထည့်သွင်းစဉ်းစားထားခြင်းမရှိတဲ့ အေစီမီလန်

အေစီမီလန်အသင်းမှာ နည်းပြအယ်လီဂရီရဲ့နေရာအစားထိုးဖို့အတွက် ကွန်တီကို စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေက မမှန်ကန်ဘူးလို့ သိရပါတယ်။

အသက် ၅၈ နှစ်အရွယ်နည်းပြအယ်လီဂရီက စိတ်ပျက်စရာကောင်းတဲ့ဘောလုံးရာသီတစ်ခုအပြီး ကလပ်အသင်းရဲ့အားကစားဆိုင်ရာဖွဲ့စည်းပုံကို အကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အေစီမီလန်အသင်းမှ ထုတ်ပယ်ခံခဲ့ရပါတယ်။

အီတလီထိပ်သီးကလပ်အေစီမီလန်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အမှတ်ပေးဇယားပဉ္စမနေရာသာ ရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ နှစ်နှစ်ဆက်လွဲချော်ခဲ့ပါတယ်။

အီတလီမှလာတဲ့ သတင်းအချို့မှာတော့ နာပိုလီအသင်းမှထွက်ခွာလာတဲ့ အသက် ၅၆ နှစ်အရွယ်နည်းပြ ကွန်တီကို အေစီမီလန်အသင်းရဲ့ အဓိကပစ်မှတ်နည်းပြတစ်ဦးအဖြစ် ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ အေစီမီလန်အသင်းထိပ်ပိုင်း ဆွေးနွေးမှုတွေမှာ ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သုံးကြိမ်ဆက်လွဲချော်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ကွန်တီ တာဝန်ယူလာလိမ့်မယ်လို့ အများက မျှော်လင့်နေကြပါတယ်။