The network connection is lost.

Banner Image

ပီအက်စ်ဂျီက ချိတ်ဆက်နေချိန်မှာ အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ကာဗာစခီလီယာ

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အသက် ၂၃ နှစ်သားဟာ အနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလိုက်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ကွန်တီကတော့ နာပိုလီအသင်းနဲ့ကာလရှည်စာချုပ်သစ်ချုပ်ဆိုခဲ့သလို ကာဗာစခီလီယာကို သူ့ရဲ့အစီအစဉ်ထဲထည့်ထားတယ်လို့ သိရပါတယ်။

အီတလီသားနည်းပြဟာ တောင်ပံကစားသမားဖြစ်သူနဲ့ပုံမှန်အချိတ်အဆက်ရှိနေပြီး ဂျာမနီကိုလာတုန်းကလည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ကာဗာစခီလီယာကိုယ်တိုင်ကတော့ ကွန်တီ နဲ့ အသင်းအပေါ်ကို ယုံကြည်မှုပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဘက်က စိတ်ဝင်စားနေပေမယ့် ကစားသမားကိုယ်တိုင်က ကွန်တီလက်အောက်မှာ ဆက်လက်ကစားဖို့ ပြင်ဆင်နေပါတယ်။

ပီအက်စ်ဂျီက ဘာပေထွက်ခွာမှုနဲ့အတူ ကာဗာစခီလီယာကို ပေါင် ၈၄ သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။

ဒ့ါအပြင် နာပိုလီစတားကို တစ်ရာသီလုပ်ခပေါင် ၉ သန်းအထိ ပေးချေဖို့လည်း ပြင်ဆင်ထားတာဖြစ်ပါတယ်။ နာပိုလီဥက္ကဌ ဒီလော်ရန်တစ်ကတော့ ကာဗာစခီလီယာကို ရောင်းထုတ်ဖို့ ငြင်းဆန်ထားပါတယ်။

ကာဗာစခီလီယာကလည်း အသင်းတာဝန်ရှိသူတွေရဲ့ယုံကြည်မှုကြောင့် ဆက်နေဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

နာပိုလီကတော့ ကာဗာစခီလီယာကို တစ်ရာသီလုပ်ခပေါင် ၄ သန်းအထိ ပေးချေပြီး ၅ နှစ်စာချုပ်သစ်ကမ်းလှမ်းထားပါတယ်။

ဒါပေမယ့် ကစားသမားရဲ့အေးဂျင့်ကတော့ တစ်ရာသီလုပ်ပေါင် ၆ သန်းအထိ တောင်းဆိုထားတယ်လို့ သိရပြီး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေကာ ၂ ဦး  ၂ ဖက်မကြာခင်မှာ သဘောတူညီမှုရယူနိုင်ဖွယ်ရှိနေပါတယ်။