The network connection is lost.

Banner Image

မီယာမီကမ်းခြေမှာ ဘီကီနီဝတ်မိန်းကလေးတွေနဲ့ ကြည်နူးနေတဲ့ ကာရီးယက်စ်

လီဗာပူးဂိုးသမား လိုရစ်ကာရီးယက်စ်တစ်ယောက် နိုင်ငံအသင်းပွဲစဉ်တွေ ကစားနေချိန်မှာတော့ မီယာမီကမ်းခြေရဲ့ နေရောင်အောက်မှာ အပန်းဖြေလျက်ရှိပါတယ်။ ၂၈ နှစ်အရွယ် ဂျာမန်ဂိုးသမားဟာ လက်ရှိဘွန်ဒက်လီဂါကလပ် ယူနီယံဘာလင်မှာ အငှားကစားလျက်ရှိပြီး ပွဲထွက်ကစားခွင့် အနည်းငယ်သာ ရရှိခဲ့ပါတယ်။

နိုင်ငံပွဲတွေကစားနေတာကြောင့် ပြည်တွင်းလိဂ်တွေကို ခဏရပ်ထားချိန်မှာတော့ ကာရီးယက်စ်တစ်ယောက် အားလပ်ရက်ရရှိနေပါတယ်။ အမေရိကရဲ့ အရှေ့တောင်ကမ်းခြေနေရောင်အောက်မှာ ကာရီးယက်စ်တစ်ယောက် ရေစိုဘီကီနီဝတ် မိန်းကလေးတွေနဲ့ ပျော်ပျော်ပါးပါး စကားစမြည်းပြောနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ရွှေရောင်ဆံပင်ရှည်နဲ့ ဂိုးသမားဟာ ကမ်းခြေမှာ စကားပြောခဲ့တဲ့ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်နဲ့လည်း ပွေ့ဖက်နေတာကို တွေ့ခဲ့ရပါတယ်။ ကာရီးရက်စ်မှာ လိုအပ်နေတာက မိန်းကလေးတွေကြားမှာ မျက်နှာပွင့်တာထက် ကွင်းတွင်းကံပိုကောင်းဖို့ပါပဲ။ ဒီရာသီယူနီယံဘာလင်မှာလည်း ပွဲထွက်ခွင့် အလုံအလောက်မရခဲ့သလို တည်ငြိမ်တဲ့လက်စွမ်းမျိုး ရရှိဖို့ကို ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ကာရီးယက်စ်ဟာ ဒီရာသီအစကတည်းက ဘွန်ဒက်လီဂါ ၄ ပွဲသာ ကစားခွင့်ရရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက တူရကီကလပ် ဘက်ဆစ်တပ်စ်မှာ ၂ ရာသီအငှား ကစားခဲ့ရာမှာတော့ ပထမဦးစားပေး ဂိုးသမားအဖြစ် ကစားခွင့်ရရှိခဲ့ပါတယ်။ မိခင်ကလပ် လီဗာပူးကို မပြန်ခင်အထိ ၂ ရာသီအတွင်း ၆၇ ပွဲထိ ကစားခွင့် ရရှိခဲ့တာပါ။

ကာရီးယက်စ်ဟာ လီဗာပူးကို ၂၀၁၆ မှာ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၇-၁၈ ရာသီမှာ နည်းပြဂျာဂန်ကလော့ပ်ရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ကြီးမားတဲ့ အမှားနှစ်ခုကို ကျူးလွန်မိခဲ့ပြီးနောက်မှာတော့ ကာရီးရက်စ်ရဲ့ ကစားသမားဘဝဟာ လုံးဝကို ပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။ အဲ့ဒီပွဲပြီးကတည်းက လီဗာပူးအသင်းအတွက် နောက်တစ်ကြိမ် ပွဲထွက်ကစားခွင့် မရတော့တာဟာ ဒီနေ့ဒီအချိန်ထိပဲ ဖြစ်ပါတယ်။