The network connection is lost.

Banner Image

အန်ဖီးလ်စမ်းသပ်မှုမတိုင်ခင် လီဗာပူးဆီ သတင်းစကားပေးပို့လာတဲ့ မာရက်စ်ကာ

လာမယ့်တနင်္ဂနွေနေ့၊ လီဗာပူးနဲ့ရင်ဆိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် မန်စီးတီးနည်းပြမာရက်စ်ကာ လူမြင်ကွင်းရှေ့ ရောက်ရှိလာပါတယ်။

လူတိုင်းကတော့ လိဂ်ပွဲစဉ်တွေ ပြန်လည်စတင်လာချိန် စွဲချက်ပေါင်း ၁၀၀ ကျော်နဲ့ရင်ဆိုင်နေရတဲ့ ကလပ်အသင်းဆီ အာရုံစိုက်လာပါတယ်။ မန်စီးတီးဘက်က အယူခံဝင်ထားပေမဲ့ တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းမှာ ရန်လိုပြင်းထန်တဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခုကို ရင်ဆိုင်သွားရနိုင်ပါတယ်။

မန်စီးတီးက ၂၀၁၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဘဏ္ဍာရေးအခြေအနေကို ပေါင်သန်း ၉၀၀ ကျော်အထိ ဖောင်းပွအောင် ပြုလု်ပခဲ့ပြီး လာမယ့်လပိုင်းအတွင်း သူတို့ရဲ့အယူခံဝင်မှု မအောင်မြင်ဘူးဆိုရင် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်ခြေ သို့မဟုတ် ချန်ပီယံဆုတွေ ပြန်လည်ရုပ်သိမ်းခံရမှုတွေ ရှိလာနိုင်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေအပြီး အခုသီတင်းပတ်အတွင်းမှာ မာရက်စ်ကာက သူ့ရဲ့ကစားသမားတွေနဲ့ စကားပြောဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြသလို မန်စီးတီးအသင်းကြယ်ပွင့်အချို့ကလည်း ရှေ့လာမယ့်ပွဲစဉ်ဆီ အာရုံစိုက်နေကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် လေ့ကျင့်ရေးကွင်းဆီ ဝင်ရောက်လာကြတာကို မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးရဲ့စိန်ခေါ်မှုနဲ့ပတ်သက်လို့ မာရက်စ်ကာက အတက်အကျများခဲ့တဲ့ ရာသီသစ်စတင်မှုနဲ့အတူ ထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ကြိုးကြာနီတွေကို အနိုင်ယူဖို့ အပြည့်အ၀အာရုံစိုက်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ပထမဆုံးတော့ အန်ဖီးလ်အဝေးကွင်းပွဲစဉ်ဆီ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုတွေ ယူဆောင်သွားရဖို့ရှိသလို ကျွန်တော်တို့ရဲ့ကစားကွက်အစီအစဉ်ကိုလည်း ယူဆောင်သွားရပါမယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ပရိသတ်တွေရဲ့အသံနဲ့ စိတ်အားထက်သန်မှုတွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ယမန်နှစ်၊ အန်ဖီးလ်ကွင်းအဝေးကွင်းပွဲစဉ်ကို ကျွန်တော် ပြန်ကြည့်ခဲ့ပြီး ပွဲစဉ်အပြီး အောင်ပွဲခံတဲ့ပုံစံက တကယ့်ကို အံ့ဩစရာကောင်းခဲ့ပါတယ်" လို့ မန်စီးတီးနည်းပြက ပြောပါတယ်။

"ကျွန်တော်တို့ အားလုံးအတူတကွ ရှိနေဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ထိပ်တန်းအဆင့်မှာ ဒီအဖွဲ့အစည်း ရပ်တည်နိုင်ခဲ့တဲ့ အကြောင်းအရင်းကတော့ ပိုင်ရှင်၊ စီအီးအို၊ အားကစားဒါရိုက်တာ၊ နည်းပြ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံး တသွေးတည်းတသားတည်း ထပ်တူကျနေလို့ပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ ဒါ တကယ့်ကို အံ့ဩစရာကောင်းပါတယ်"

"ဟုတ်ပါတယ်၊ လာတင်ဘာသာနဲ့ 'Superbia in proelio' (တိုက်ပွဲအတွင်းက ဂုဏ်သိက္ခာ) ဆိုတာ အီတလီအဓိပ္ပါယ်နဲ့ အတော်လေး နီးစပ်ပါတယ်" လို့ မာရက်စ်ကာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

"ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့ အရာပါပဲ။ လာမယ့်ပွဲစဉ်နှစ်ခုလုံးက တိုက်ပွဲတွေ ဖြစ်လာတော့မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အထူးသဖြင့် အန်ဖီးလ်အဝေးကွင်းပွဲစဉ်ပေါ့"

"အဲဒီနေရာဆီ ကျွန်တော်တို့ရဲ့စိတ်အားထက်သန်တဲ့ ခံစားချက်တွေ အားလုံးကို ယူဆောင်သွားပါမယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ပရိသတ်တွေလည်း ကျွန်တော်တို့နဲ့အတူ ရှိနေပေးဖို့ လိုပါတယ်။ ပရိသတ်တွေရဲ့စိတ်အားထက်သန်မှုနဲ့ အားပေးသံတွေကို ကျွန်တော်တို့ လိုအပ်ပြီး ပွဲစဉ်အပြီးမှာ ကျွန်တော်တို့အားလုံး ပျော်ရွှင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်"လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။