The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နဲ့ ပွဲအပြီးနောက် ပယ်လီစထရီကို ချီးကျူးလိုက်တဲ့ အသင်းခေါင်းဆောင် ဖာနန်ဒက်စ်

ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ဘိုင်ယန်မြူးနစ်အား ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

ဆန်ချိုနှင့် အန်တိုနီတို့ မကစားနိုင်တဲ့အပြင် ဒီယာလိုကလည်း ဒူးဒဏ်ရာဖြင့် အနားယူနေရတာကြောင့် တောင်ပံနေရာတွင် တန်ဟက်အတွက် ကစားသမား ရွေးချယ်မှုက နည်းပါးသွားခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပယ်လစ္စထရီကို ခေါ်ယူကာ အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ အယ်လ်ဖုန်ဆိုဒေးဗစ်နှင့် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားက ကြိုးစားပြီး လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့လုပ်ဆောင်မှုတွေတွေကို ဖာနန်ဒက်စ်က အထင်ကြီးနေပါတယ်။

ဖာနန်ဒက်စ်က "ပယ်လီစထရီဟာ သူ့ရဲ့အခွင့်အရေးနဲ့ထိုက်တန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တဲ့ အရာအားလုံးအတွက် ချီးကျူးဂုဏ်ပြုမှုများစွာနဲ့ ထိုက်တန်ပါတယ်" "သူက အမြဲတမ်း ကစားနိုင်တဲ့သူတစ်ယောက်ပါ။ အမြဲတမ်းလည်း ကြိုးစားလေ့ကျင့်နေပြီး အခွင့်အရေးနဲ့ ထိုက်တန်တဲ့သူပါ" "ဒီနေ့ သူကောင်းကောင်းလုပ်ခဲ့ပါတယ်။ နည်းပြ စေခိုင်းတဲ့အတိုင်း လုပ်ခဲ့ပြီး သူ့အတွက် အခွင့်အရေးတွေရထိုက်တာကြောင့် ကျွန်တော့်အားလုံး သဘောကျမိပါတယ်" လို့ ပြောပါတယ်။


တန်ဟက်ရဲ့ ကြိုတင်ပြောကြာမှုများရှိသော်လည်း ပယ်လစ္စထရီဟာ ဒေးဗစ်ရဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖို့ နေရာပေးခဲ့ကာ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း ကနေဒါလက်ရွေးစင်ဟာ ကြီးကျယ်တဲ့ နောက်ခံလူမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က သူ့ကို အခွင့်အရေးပေးခဲ့တာမဟုတ်ပါဘူး။ ထိုက်တန်လို့ရခဲ့တာပါ" "တောင်အမေရိကရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကနေ ပြန်လာတဲ့အတွက် ဒါဟာ သင့်လျော်တဲ့အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့မှာ အဆိုပါ ခရီးကနေ ပြန်လာထားတဲ့ ကက်စ်မဲရိုးနဲ့ မာတီနက်ဇ်တို့ ၂ ဦးရှိထားပြီးသားပါ။ ဒါပေမယ့် ဒီခရီးအတွက် သူအဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်" "အခု သက်သေပြရပါတော့မယ်။ ဒါဟာ အရမ်းကောင်းတဲ့ ပွဲတစ်ခုဖြစ်ပြီး သူ့မှာ မြန်ဆန်တဲ့ ဒေးဗစ်လို ကစားသမားမျိုးနဲ့ ရင်ဆိုင်ကစားရမှာဖြစ်တာကြောင့် နည်းဗျူဟာပိုင်းအရလည်း အံဝင်ခွင်ကျဖြစ်နေပါတယ်။ သူက ဒီလိုအရှိန်နဲ့ လိုက်ဖက်တဲ့သူဖြစ်ပါတယ်" "ဒါကြောင့်ပဲ ကျွန်တော်တို့က ဒေးဗစ်နဲ့ ရင်ဆိုင်ကစားစေခဲ့တာပါ။ သူက ခြိမ်းခြောက်မှုတွေကို ထိန်းချုပ်နိုင်သလို ခံစစ်အတွက်လည်း ကိုက်ညီမှုရှိခဲ့ပါတယ်" "သူက အလိမ်အခေါက် အရမ်းကောင်းတဲ့ သူဖြစ်သလို ဒေးဗစ်ကလည်း က အရမ်းမကောင်းတဲ့ နောက်ခံလူ ဖြစ်တာကြောင့် သူ့ဆီကနေ တစ်ခုခုကို မျှော်လင့်ပါတယ်"လို့ တန်ဟက်က ပြောခဲ့ပါတယ်။