ပကျော့ အရှုံးကို ဘိုင်ယန်နှင့် ချဲလ်ဆီးတို့ ပြန်လည်ချေပသွားနိုင်မလား (ချန်ပီယံလိဂ်ပွဲကြိုသုံးသပ်ချက်)
မြန်မာနှစ်သစ်ကူးကာလသမယမှာတော့ ချန်ပီယံလိဂ်ပွဲကောင်းတွေ ရှိနေပြီး အင်္ဂါညတွင် ကွာတားဖိုင်နယ်ဒုကျော့ ပွဲကောင်း၂ပွဲ ရှိနေပါတယ်။ ပကျော့မှာ ရှုံးထားတဲ့ ဘိုင်ယန်နှင့် ချဲလ်ဆီးတို့ ပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နှင့် ဗီလာရီးရဲလ်တို့ကို ပြန်လည်တွန်းလှန် အနိုင်ယူသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ နောက်တဆင့်တက်ဖို့အရေးပါတဲ့ ပွဲတွေဖြစ်နေတာကြောင့် ဒုကျော့ပွဲတွေဟာ ပြီးခဲ့တဲ့အပတ်ကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်မှာ အသေအချာပါ။ ရီးရဲလ်- ချဲလ်ဆီး၊ ဘိုင်ယန်မြူးနစ် - ဗီလာရီးရဲလ် ပွဲစဉ်၂ပွဲကို ဘောလုံးစတားရဲ့ အယ်ဒီတာအာဘော်ကနေတဆင့် ပရိသတ်တွေကို အချက်အလက်တွေနဲ့တကွ ဆွေးနွေးတင်ဆက်ပေးထားပါတယ်။ ဘောလုံးချစ်ပရိသတ်များအားလုံး မြန်မာနှစ်သစ်ကူးမှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဘောလုံးစတားမှလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်မျာ။
ရီးရဲလ်မက်ဒရစ် vs ချဲလ်ဆီး (အင်္ဂါည ၁နာရီခွဲ)
ဘိုင်ယန်မြူးနစ် vs ဗီလာရီးရဲလ် (အင်္ဂါည ၁နာရီခွဲ)