The network connection is lost.

Banner Image

ဂေါ်ဒွန်ကို ခေါ်ယူနိုင်ရေးကြိုးပမ်းမှုမှာ ဘိုင်ယန်မြူးနစ်ထက် နှာတစ်ဖျားအသာရနေတဲ့ လီဗာပူး

ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက ဘယ်တောင်ပံနေရာမှာ လူးဝစ်ဒီယက်ဇ်နဲ့ ပွဲထွက်ခွင့်ပြိုင်ဆိုင်ဖို့အတွက် အသက် ၂၅ နှစ်အရွယ်ဂေါ်ဒွန်ကို အဓိကပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဂျာမနီထိပ်သီးကလပ်က နယူးကာဆယ်အသင်းတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းကိုတော့ ပေးချေဖို့ ဆန္ဒမရှိပါဘူး။

တခြားကလပ်အသင်းတွေလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားကို စိတ်ဝင်စားနေကြပြီး ဂေါ်ဒွန်ကိုယ်တိုင်လည်း ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့ဖို့ ပိုသဘောကျနေပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း လျှော့တွက်လို့ မရပါဘူး။

TEAMtalk ရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းက နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ဂေါ်ဒွန်ရဲ့ အခြေအနေကို နီးနီးကပ်ကပ်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

အန်ဖီးလ်မှ မိုဆာလက်ထွက်ခွာသွားမှုကို အစားထိုးနိုင်ဖို့အတွက် လီဗာပူးအသင်းက အရည်အသွေးမြင့် တောင်ပံကစားသမားကောင်းတစ်ဦး ရှာဖွေနေပြီး နယူးကာဆယ်ရဲ့ကျောနံပါတ် ၁၀ ကစားသမားလည်း ကောင်မွန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၂၂ ဂိုးအထိ ပါဝင်ပတ်သက်ပေးထားနိုင်ခဲ့တဲ့ ဂေါ်ဒွန်ကို ခေါ်ယူဖို့ ဆွေးနွေးတဲ့နေရာမှာ မာဆေးဆိုဒ်ကလပ်လီဗာပူးအသင်းက အဓိကအားသာချက်တစ်ခု ရရှိထားပါတယ်။

မြန်နှုန်းမြင့်တိုက်စစ်ကစားသမားက ငယ်စဉ်ကတည်းက လီဗာပူးအသင်းကို အားပေးခဲ့ဖူးသူလို့ အတိတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ဖူးလို့ ဒါက သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ရာမှာ အဓိကအချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။