The network connection is lost.

Banner Image

မော်ရင်ဟိုရဲ့သဘောကျမှုရှိနေပေမဲ့ ကိုမိုမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်တဲ့ နီကိုပက်ဇ်

လိဂ်အသီးသီးမှာ အပြောင်းအရွှေ့သတင်းတွေ အရှိန်မြင့်တက်လာနေပြီး ကိုမိုကွင်းလယ်တိုက်စစ်ကစားသမားမှာလည်း အာရုံစိုက်မှုတွေ အာရုံစိုက်မှုတွေ ပိုမိုရရှိလာပါတယ်။

နီကိုးပက်ဇ်က စီရီးအေပြိုင်ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး နည်းပြဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ပါတယ်။

လျှင်မြန်သွက်လက်လွန်းတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားက အသင်းရဲ့သမိုင်းသစ်ရေးထိုးမှုမှာ အဓိကကျခဲ့လို့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ အမြောက်အများထွက်ပေါ်လာတယ်ဆိုတာ အံ့သြစရာမဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်က ၂၀၂၄ ခုနှစ်၊ သူ့ကို ရောင်းချခဲ့ချိန် ယူရို ၉ သန်း (ပေါင် ၇ဒဿမ၇ သန်း)ဖြင့် ပြန်လည်ဝယ်ယူနိုင်မယ့် ပြန်လည်ဝယ်ယူခွင့် (Buy-back clause) တစ်ခု ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချက်က လာမယ့်မေ ၃၀ ရက်မှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး ကိုမိုအသင်းဘက်ကလည်း ကစားသမားကို အသင်းမှာ နောက်ထပ်တစ်နှစ် ဆက်ရှိနေစေဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်"။

နာမည်ကျော်သတင်းထောက်ဒီမာဇီယိုရဲ့အဆိုအရ ဂျိုဆေးမော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည်ရောက်ရှိလာတာနဲ့ နီကိုပက်ဇ်ကို ချက်ချင်းပြန်ခေါ်ယူသွားဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

သတင်းတွေအရ နီကိုပက်ဇ်က ကိုမိုမှာ ပျော်ရွှင်နေပြီး နောက်ထပ်တစ်နှစ်လောက် ဆက်နေချင်ပေမဲ့ ဆွေးနွေးမှုတွေမှာ ရီးရဲလ်မက်ဒရစ်ဘက်က အသာစီးရနေပြီး အခြေအနေတွေရှုပ်ထွေးနေတယ်လို့ သိရပါတယ်။

စပိန်ထိပ်သီးကလပ်သာ ဒီအသက်-၂၁ နှစ်အရွယ်ကစားသမားလေးကို အီတလီမှာ ဆက်နေခွင့်ပြုမယ်ဆိုရင် ၂၀၂၇ ခုနှစ်မှာလည်း ယူရို ၁၀ သန်း (ပေါင် ၈ဒဿမ၆ သန်း)ဖြင့် ပြန်လည်ခေါ်ယူနိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခု ရှိနေပါသေးတယ်။