The network connection is lost.

Banner Image

နယူးကာဆယ်ကိုရှုံးနိမ့်ပြီး အက်ဖ်အေဖလားမှနုတ်ထွက်ခဲ့ရပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်အားရမိကြောင်းပြောကြားလာတဲ့ အီရာအိုလာ

စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ ဘုန်းမောက်ဟာ နယူးကာဆယ်ကို ပွဲကစားချိန်မိနစ် ၉၀ နဲ့ အချိန်ပိုမိနစ်တွေအတွင်း ၃-၃ နဲ့သရေကျခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပေမယ့် နည်းပြ အီရာအိုလာကတော့ အသင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်အားရမိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

အီရာအိုလာက "ဒီပွဲထက်ပိုပြီး အက်ဖ်အေဖလားရသ ပြည့်စုံတဲ့ပွဲမျိုး ရှာဖို့ခက်ပါလိမ့်မယ်။ နှစ်သင်းလုံးက အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ရှုံးနေတဲ့အချိန်ရှိသလို၊ နိုင်နေတဲ့အချိန်လည်း ရှိခဲ့တယ်။ နိုင်ဖို့ တော်တော်လေး နီးစပ်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ ဂိုးသွင်းခံလိုက်ရလို့ ၂-၂ နဲ့အချိန်ပိုဆက်ကစားခဲ့ရပါတယ်"

"အချိန်ပိုမှာလည်း ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲလက်စ်ဂျင်မီနက်ဇ် နဲ့ အဲလက်စ်စကော့တို့ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့ အခွင့်အရေး နှစ်ကြိမ်လောက်ကို လွဲချော်ခဲ့တာကတော့ နှမြောစရာပါ။ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ နောက်ဆုံးမှာ ၃-၃ ဖြစ်အောင် ဂိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ ပင်နယ်တီမှာတော့ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်"

"နှစ်သင်းပေါင်း ပင်နယ်တီ ၁၈ ကြိမ်အထိကန်ခဲ့ရပါတယ်။ ဒီလိုပွဲမျိုးမှာ ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဂုဏ်ယူပေမယ့် အမှန်တရားကတော့ နောက်တစ်ဆင့်ကိုတက်နိုင်ဖို့ ပိုအရေးကြီးပါတယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ကစားသမားတွေအစွမ်းကုန်ပေးဆပ်ခဲ့ကြလို့ အားရကျေနပ်မိပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ရော သူတို့ပါ ခက်ခဲတဲ့ပွဲတွေ ကစားခဲ့ရတာပါ။

ကျွန်တော်တို့ စပါးကို နောက်ဆုံးမိနစ်ဂိုးနဲ့ နိုင်ခဲ့သလို၊ သူတို့ကလည်း လိဒ်ကို နောက်ကျဂိုးနဲ့မှ နိုင်ခဲ့ပါတယ်။ အဲဒီလို ပင်ပန်းထားတဲ့ကြားက အခုလို ၁၂၀ မိနစ်အထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ အစွမ်းကုန် ကစားနိုင်ခဲ့ကြတာက တကယ့်ကို အားရစရာပါ။ပရိသတ်တွေအတွက်တော့ ဖျော်ဖြေမှုအပြည့်ပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ နယူးကာဆယ်က ကျွန်တော်တို့ထက် ပိုပြီး ပျော်ရွှင်သွားခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။