လိုက်ပ်ဇစ်နဲ့ပွဲမတိုင်မီ ကိန်းရဲ့ဒဏ်ရာအခြေအနေအား ပြောကြားလိုက်တဲ့ ကွန်ပနီ
လာမယ့် ရက်သတ္တပတ် လိုက်ပ်ဇစ်နှင့်ပွဲမှာ ကိန်းအနေနဲ့ ကစားနိုင်ဖို့အတွက် ကွန်ပနီက မျှော်လင့်နေပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နိုဝင်ဘာလကုန်က ဒေါ့မွန်နှင့် ၁-၁ ဂိုး သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံး ၄ ပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဂျာမန်အသင်းကြီးအနေနဲ့ မိန့်ဇ်နှင့်ပွဲမှာ ကိန်း ပြန်ကောင်းလာဖို့ မျှော်လင့်ထားပေမယ့် ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
ကိန်းမပါဝင်ခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်က ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အခုချိန်မှာတော့ ကိန်း မပါဝင်ခဲ့တဲ့ ၄ ပွဲမှာ ၂ ပွဲ အထိရှုံးနိမ့်ထားပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်း လိုက်ပ်ဇစ်နဲပွဲမှာ တိုက်စစ်မှူး ပါဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အသက် ၃၁ နှစ်အရွယ် ကစားသမားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံသားနည်းပြက "သူက အကောင်းဆုံးလုပ်နေတာပါ။ သူက ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ကစားချင်နေပါပြီ။ သူက နောက်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ" လို့ ပြောပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ လေဗာကူဆင်ကို ၄ မှတ်ဖြတ်ထားတာဖြစ်ပြီး ကိန်း ပါသည် ဖြစ်စေ မပါသည်ဖြစ်စေ လိုက်ပ်ဇစ်ကို အနိုင်ရရှိလိုနေတာဖြစ်ပါတယ်။