
ဂျာအိုဖီးလစ်နဲ့ ကန်ဆယ်လိုတို့အတွက် တံခါးဖွင့်ထားတဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ
စပိန်လာလီဂါ ပွဲစဉ် (၃) အဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ချန်ပီယံဆုကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက ၃ဂိုး - ၄ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အပြီးမှာ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌလာပေါ်တာက ခေါ်ယူရန် ကြံ့ကြာနေပေမဲ့ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ အတွက် တံခါးဖွင့်ထားဆဲ ဖြစ်တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။
နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆုကာကွယ်နိုင်ရေးအတွက် အမှားမခံလိုဘဲ သေချာပြင်ဆင်လာခဲ့ပေမဲ့ ဗီလာရီးရဲလ်အသင်းရဲ့ တုံ့ပြန်ကစားဟန် ကောင်းတာကြောင့် အနိုင်ရရန် ရုန်းကန်ခဲ့ရပြီး ပွဲပြီးချိန်မှာ ၁ဂိုးအသာဖြင့် ကပ်ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ နာမည်ကျော် ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ယာမယ်လ်အနေဖြင့် ပွဲစဉ်အတွင်းမှာ ဘာစီလိုနာအသင်းရဲ့ ကနဦးသွင်းဂိုးကိုလည်း ဖန်တီးနိုင်ခဲ့ပြီး အသက် ၁၆နှစ်အရွယ်အဆိုပါ ကွင်းလယ်ကစာသမားက ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ချီးမြှင်ခံခဲ့ရတဲ့အထိ ခြေစွမ်းပြသ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင် ထိပ်တန်းကစားသမားတွေဖြစ်ကြတဲ့ ကန်ဆယ်လို၊ ဂျာအိုဖီးလစ်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ ဥက္ကဌ လာပေါ်တာက“ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းတွေကြောင့် ကစားသမားတစ်ယောက်ထက် ထပ်ခေါ်နိုင်ဖို့ရန် ခက်ခဲနေပါတယ်။ ဦးစားပေးခေါ်ယူမယ့် ကစားသမားက ဂျာအိုကန်ဆယ်လို ဖြစ်နိုင်ခြေများပါတယ်။ သူက ဘာစီလိုနာအသင်းနဲ့ ချိတ်ဆက်နေတာ ကြာနေပြီဖြစ်သလို ဒီရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ကလပ်အသင်းပြောင်းရွှေ့ဖို့က သေချာသလောက် ဖြစ်နေတာပါ။ ဂျာအိုဖီးလစ်အတွက်လည်း ဒေကိုက အကောင်းဆုံး လှုပ်ရှားထားပါတယ်” လို့ အတည်ပြု ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။