The network connection is lost.

Banner Image

လူငယ်ကစားသမား ဖာတီကိုရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လူငယ်စတား ဖာတီကိုရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နည်းပြသစ် ဖလစ်ကလည်း ဖာတီကို သူ့အစီအစဉ်ထဲမှာ မထည့်ထားပဲ ရောင်းထုတ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဖာတီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရိုက်တန်အသင်းထံအငှားလာကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရတာဖြစ်ပါတယ်။

ဘရိုက်တန်အတွက် ဖာတီတစ်ယောက် ပြိုင်ပွဲစုံ ၃၀ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အသက် ၂၁ နှစ်သားဟာ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုနဲ့ပြောဆိုမှုတွေရှိနေပြီး နောက်ထပ်တစ်ကြိမ်အငှား ဒါမှမဟုတ် အပြီးသတ်နဲ့ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ကစားသမား နဲ့ ဘာစီလိုနာတို့ကြား စာချုပ်သက်တမ်း ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ လာမာစီယာအကယ်ဒမီထွက်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။

ဖာတီတစ်ယောက် မက်ဆီထွက်ခွာသွားချိန်မှာ ဘာစီလိုနာရဲ့ကျောနံပတ် ၁၀ ကို ဝတ်ဆင်ခဲ့ပေမယ့် အခုချိန်မှာတော့ ခြေစွမ်းကျဆင်းလာခဲ့တာကြောင့် အသင်းကနေ ထွက်ခွာရဖို့ ပိုများနေပါတယ်။

ဖလစ်ရဲ့ဘာစီလိုနာအသင်းဟာ လာမယ့်လထဲမှာ အမေရိကမြေကို ရာသီကြိုခရီးစဉ်ထွက်ခွာမှာဖြစ်ပြီး မန်စီးတီး ၊ ရီးရဲလ် ၊ အေစီမီလန်တို့နဲ့ ခြေစမ်းပွဲကစားဖို့ ပြင်ဆင်နေပါတယ်။