The network connection is lost.

Banner Image

အယူခံဝင်မှုမအောင်မြင်တာကြောင့် ပွဲပယ်ခံရတော့မယ့် ဖလစ်

သတင်းတွေအရ ဘာစီလိုနာအသင်းရဲ့အယူခံဝင်မှုကို စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်က ငြင်းဆန်ခဲ့တာကြောင့် နည်းပြ ဖလစ်အနေနဲ့ ပွဲပယ်ခံရတော့မှာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ဂျာမန်သားဟာ လာမယ့် လီဂါနက်စ် ၊ တီကိုနဲ့ပွဲတွေကို ပွဲပယ်ခံရမှာဖြစ်ပါတယ်။ အသင်းအတွင်းသတင်းတွေအရ ဖလစ်ဟာ လက်ရှိဖြစ်ပျက်ခဲ့တဲ့အနေအထားကို လက်ခံဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာဘက်က အယူခံဝင်မှုကို အလျင်အမြန်လုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရတာကြောင့် နည်းပြဘက်က စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်မှုအပြင် ဒိုင်တွေကိုလေးစားတာကြောင့် ဖလစ်အနေနဲ့ လာမယ့်လိဂ်ပွဲ ၂ ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

ပွဲပယ်အနေအထားကြောင့် ဖလစ်အနေနဲ့ လာမယ့် ၂၀၂၅ ဇန်နဝါရီအလယ်လောက်အထိ လာလီဂါပွဲစဉ်တွေကို ကိုင်တွယ်ခွင့်ရမှာမဟုတ်တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲပယ်အနေအထားက လာလီဂါပွဲစဉ်တွေမှာသာဖြစ်နေတာကြောင့် ဖလစ်အနေနဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲ နဲ့ ဆော်ဒီမြေမှာကန်မယ့် စပိန်စူပါဖလားပွဲတွေကိုတော့ ကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။

လာလီဂါပွဲစဉ်ကိုတော့ ဖလစ်အနေနဲ့ လာမယ့် ဂီတာဖေးအသင်းနဲ့ကန်မယ့်ပွဲမှာမှ စတင်ကိုင်တွယ်ခွင့်ရဖွယ်ရှိနေပါတယ်။ အဲ့မတိုင်ခင် ဘာစီလိုနာနည်းပြအဖွဲ့အနေနဲ့ ဖလစ်မပါဝင်နိုင်တဲ့အနေအထားမှာ အရေးပါတဲ့ပွဲတွေကို တာဝန်ယူရဖွယ်ရှိနေပါတယ်။