ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ လွတ်ခ်မန်း
အက်သလက်တီကိုတိုက်စစ်မှူး အဒီမိုလာလွတ်ခ်မန်းက ယူနိုက်တက်အသင်းကို ၂ ဂိုးပြတ် အနိုင်ရရှိခဲ့ တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လွတ်ခ်မန်းက "ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် ဘယ်လောက် အရေးကြီးတဲ့ နိုင်ပွဲလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။
ကျွန်တော် ကွင်းထဲဝင်မလာခင်ကတည်းက အသင်းဖော်တွေက အကောင်းဆုံး စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့ကြတော့ ကျွန်တော့်အနေနဲ ဝင်ကစားရတာ အရမ်းလွယ်ကူခဲ့ပါတယ်။ ကျွန်တော့်မှာ အားအင်အပြည့်ရှိနေတုန်း အသင်းရဲ့ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းကိုပါ ကူညီပေးနိုင်ဖို့ ကြိုးစားခဲ့တာပါ။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် တကယ့်နိုင်ပွဲကြီးတစ်ပွဲဖြစ်သလို လာမယ့်ပွဲစဉ်အတွက်လည်း ယုံကြည်မှုတွေ ရရှိစေပါတယ်။ တစ်ပွဲပြီးတစ်ပွဲတိုင်းအတွက် ကျွန်တော်တို့ အမြဲတမ်း အသင့်ဖြစ်နေရပါမယ်" လို့ ပြောကြားသွားခဲ့ပါတယ်။