The network connection is lost.

Banner Image

ကစားသမားဘဝအနားယူထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့ မန်စီးတီးဂန္ထဝင် ဒေးဗစ်ဆေးလ်ဗား

စပိန်ဂန္ထဝင် ဒေးဗစ်ဆေးလ်ဗားက ဟောင်ကောင်ပရီးမီးယားလိဂ်ကလပ်အသင်း Sha Tin  အတွက် ပါဝင်ကစားပေးနိုင်ဖို့ အသက် ၄၀ နှစ်အရွယ်မှာပဲ ကစားသမားဘ၀အနားယူထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

မန်စီးတီးကွင်းလယ်လူဟောင်းက ဆိုစီဒက်နဲ့အတူ ရာသီကြိုလေ့ကျင့်ရေးပြုလုပ်နေချိန် ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိပြီးနောက် ၂၀၂၃ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးလောကကို ကျောခိုင်းခဲ့ပါတယ်။

Instagram ဗီဒီယိုတစ်ခုမှာ ဒေးဗစ်ဆေးလ်ဗားက "သေချာတာပေါ့၊ ဒေသတွင်းယဉ်ကျေးမှုနဲ့ ရှာတင်မြို့ဒေသအစားအစာတွေကို သုံးဆောင်ကြည့်ဖို့၊ ဟောင်ကောင်ဘောလုံးလောကအတွေ့အကြုံ ခံစားနိုင်ဖို့အတွက် ဟောင်ကောင်ခရီးစဉ်ကို ကျွန်တော် အလွန်စိတ်လှုပ်ရှားနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားက စပိန်နဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဆုအပြင် ယူရိုချန်ပီယံဆုကို နှစ်ကြိမ်တိုင်ဆွတ်ခူးရင်း တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါ့အပြင် သူက အီတီဟတ်ကွင်းမှာ အောင်မြင်တဲ့ဆယ်စုနှစ်တစ်ခုကြာကာလကို ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်အပါအဝင် အဓိကဆုဖလား ၁၁ လုံး ရရှိခဲ့ပါတယ်။

အခုတော့ ဆေးလ်ဗားက ဟောင်ကောင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၈ နေရာမှာရှိနေတဲ့ Sha Tin အသင်းနဲ့အတူ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်စတင်ပါတော့မယ်။

စပိန်ဂန္တဝင်ရဲ့ကလပ်အသင်းသစ်က အောက်တိုဘာ ၁၈ ရက်မှာ Hong Kong Football Club နဲ့ ရင်ဆိုင်သွားရပါမယ်။