
မာဆေးလ်စတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ မာဆေးလ်စတား မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ သိရပြီး ပရီးမီးယားလိဂ်ထက် စပိန်မြေကိုသွားနိုင်ချေပိုများနေပါတယ်။ အင်္ဂလန်သားဟောင်း နိုင်ငံအသင်းကိုယ်စားပြုအဖြစ် ဂျမေကာအသင်းထံပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ တုန်းက ပေါင် ၂၇ သန်းနဲ့ မာဆေးလ်အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။
ပြင်သစ်မြေမှာ ပီအက်စ်ဂျီစတား ဒမ်ဘီလီကသာ မေဆင်ထက်ဂိုးပိုသွင်းယူထားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပအသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ တီကိုအသင်းဘက်ကလည်း မေဆင်ကို စိတ်ဝင်စားနေပြီး ဘာစီလိုနာက တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပါတယ်။ ဘာစီလိုနာဟာ မေဆင်အပြင် ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ကိုလည်း စိတ်ဝင်စားနေပြီး လက်ရှိမှာ အင်္ဂလန်သားဟာ ဗီလာမှာ အငှားကစားနေပါတယ်။
TBR သတင်းဌာနရဲ့အဆိုအရ မေဆင်အနေနဲ့ လာလီဂါမြေကိုပြောင်းဖို့ အလားအလာများနေပေမယ့် ပရီးမီးယားလိဂ်အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ လာမယ့်အပတ်တွေမှာ ကြီးမားတဲ့အပြောင်းအရွှေ့တွေဖြစ်လာခဲ့ရင် ယူနိုက်တက်ဟာ မေဆင်အတွက် ပြန်လည်ရောင်းချခွင့်စာချုပ်ကြောင့် ၅၀% အထိ မာဆေးလ်ထံကနေ ရရှိမှာဖြစ်ပါတယ်။