The network connection is lost.

Banner Image

မန်စီးတီးနောက်ခံလူကို ကန်ဆယ်လိုကို ခေါ်ယူရာမှာ အခက်အခဲတွေရှိနေတဲ့ ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းသည် မန်စီးတီးနောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူရန် အလွန်စိတ်ဝင်စားနေသေးသော်လည်း ဘဏ္ဍာရေးကန့်သတ်ချက်များကြောင့် သဘောတူညီမှုရရန် ခက်ခဲနေသည်ဟု နည်းပြဖြစ်သူ ဇာဗီကပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ဖွင့်ကတည်းက ကန်ဆယ်လိုကို နူးကမ့်သို့ ပြောင်းရွှေ့ရန် အချိန်အတော်ကြာ ချိတ်ဆက်နေခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ဒုတိယနှစ်ဝက်ကို ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး သူ့ရဲ့ အနာဂတ်ဟာ အီတီဟတ်နဲ့ ဝေးကွာနေပုံပါပဲ။

ဘာစီလိုနာက သူ့ကို အလိုရှိနေသော်လည်း ဇာဗီက ကလပ်၏ ငွေကြေးဆိုင်ရာ ပြဿနာများသည် သဘောတူညီမှု မရအောင် တားဆီးနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီက စနေနေ့တွင် သတင်းထောက်တွေကို ပြောကြားရာမှာ "ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဘုတ်အဖွဲ့နဲ့ အားကစားဒါရိုက်တာတွေက အသင်းအတွက် ကန်ဆယ်လိုကို လိုအပ်တယ်ဆိုတာကို ယုံကြည်ပေမယ့် ကျွန်တော်တို့ဟာ ကံမကောင်းအကြောင်းမလှတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ လစာကန့်သတ်ချက်ပေါ်မူတည်ပြီး ရှိနေပါသေးတယ်။ နောက်ရက်တွေကျမှ နောက်ဆုံးအခြေအနေကို သိရင် ပြန်ပြောပေးပါမယ်"လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကန်ဆယ်လိုဟာ မန်စီးတီးနှင့် အတူ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဇန်နဝါရီ ၁၄ ရက်နေ့က ယူနိုက်တက်ကို အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က ကန်ဆယ်လိုဟာ မန်စီးတီးအသင်းအတွက် နောက်ဆုံးကစားခဲ့ပြီး ယခုရာသီတွင် ဂွာဒီယိုလာ၏ ပရီးမီးယားလိဂ်အသင်း လူစာရင်းမှာတော့ ပါဝင်ခြင်းမရှိသေးပေ။ ဒီအချိန်မှာ သူ့ရဲ့အနာဂတ်ဟာ မရှင်းမလင်းဖြစ်နေပေမယ့် ပေါ်တူဂီလက်ရွေးစင်က မကြာခင်မှာ တစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေမှာဖြစ်ပြီး မဟုတ်ရင် ဂွာဒီယိုလာရဲ့ ပွဲထွက်ခွင့် မပေးတဲ့ပြဿနာကို အချိန်အတော်ကြာ ရင်ဆိုင်ရပါလိမ့်မယ်။