
အကောင်းဆုံးအသင်းရဲ့အနိုင်ယူခြင်းခံခဲ့ရတာလို့ ဆီမြွန်နီ ဝန်ခံပြောကြား
အာဆင်နယ်ကို ၄ ဂိုးပြတ်အရေးနိမ့်ပြီးနောက် တီကိုနည်းပြ ဆီမြွန်နီက မိမိတို့အသင်းဟာ အကောင်းဆုံးအသင်းရဲ့အနိုင်ယူခြင်းခံခဲ့ရတာလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ အာဂျင်တိုင်းသားက သူ့အသင်းရဲ့အစောပိုင်းအားထုတ်မှုတွေကို ချီးကျူးခဲ့သလို အာဆင်နယ်က အခွင့်အရေးတိုင်းကို အသုံးချနိုင်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီဥရောပရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး တီကိုအသင်းကို အိမ်ကွင်းမှာ ဂါဘရီရယ် ၊ မာတီနယ်လီ ၊ ယိုကရက်စ်တို့ရဲ့ဂိုးတွေနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဂိုးတွေထဲက ၃ ဂိုးဟာ တည်ကန်ဘောတွေကနေရရှိခဲ့တာဖြစ်ပြီး ရိုက်စ်ရဲ့ဖန်တီးမှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။အာဂျင်တိုင်းသားနည်းပြကတော့ သူ့အသင်းရဲ့ကနဦးအားထုတ်မှုကို ချီးကျူးခဲ့ပေမယ့် အမှားတွေကိုလည်း ဝေဖန်ဖို့ ရှက်မနေခဲ့တာဖြစ်ပါတယ်။
“ပထမဆုံးအပေါင်းလက္ခဏာဆောင်တာက ကျွန်တော်တို့ပထမဆုံးဂိုးမပေးရခင်အထိ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်တို့ ခံစစ်ကလည်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ဂိုးတွေအများကြီးသွင်းယူနိုင်ခဲ့ပါတာ်။ တည်ကန်ဘောတွေက ဘောလုံးပွဲမှာ အရေးပါပါတယ်။ အထူးသဖြင့် အခုလိုပြိုင်ပွဲမျိုးမှာပါ။ ကျွန်တော်တို့အမှားတွေကနေ ၂-၀ ဖြစ်ခဲ့ပြီး ပြန်မလာနိုင်ခဲ့ပါဘူး။
အဲ့နောက် အာဆင်နယ်ကပိုကောင်းလာခဲ့ပြီး ရလာတဲ့အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဂျူလီယန်ရဲ့ကန်ချက် တိုင်ထိခဲ့သလို ကျွန်တော်တို့အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ အဆုံးသတ် နဲ့ အသေးစိတ်တွေက ပွဲအဖြေဖြစ်လာခဲ့တာပါ။ တည်ကန်ဘောကနေဂိုးရပြီးနောက် သူတို့ ပိုကောင်းလာခဲ့ပြီး ပထမဂိုးမပေးရခင်အထိ ကျွန်တော်တို့ အဆင်ပြေခဲ့ပါတယ်။ ကျွန်တော်အသင်းနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ အသင်းကောင်းတစ်သင်းရဲ့အနိုင်ယူခြင်းခံခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။
အခုအရေးနိမ့်မှုကြောင့် တီကိုအသင်းဟာ အဆင့် ၁၈ နေရာမှာပဲ ရပ်တည်နေပြီး လက်ကျန် ၅ ပွဲကနေ အမှတ်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ တီကိုအသင်းက နိုဝင်ဘာ ၄ ရက်နေ့မှာ စိန့်ယူနီယံအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာဆင်နယ်ကတော့ ပရာဟာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း အာဆင်နယ်ဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ ပီအက်စ်ဂျီ ၊ အင်တာတို့နဲ့အတူ ထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁ နေရာမှာ ဒုတိယနေရာက စီးတီးကို ၃ မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။