The network connection is lost.

Banner Image

နီကိုဝီလီယံရဲ့တောင်းဆိုမှုကို မလိုက်လျောခဲ့တဲ့ စပိန်အက်ဖ်အေကို ဝေဖန်လိုက်တဲ့ အက်သလက်တစ်ဥက္ကဌ

အက်သလက်တစ်ဥက္ကဌ ယူရီအာတီက ယူရိုပြိုင်ပွဲအတွင်း နီကိုဝီလီယံရဲ့အပြောင်းအရွှေ့အကြောင်းခွင့်ပြုထားတဲ့ စပိန်အက်ဖ်အေကို ဝေဖန်လိုက်ပါတယ်။

ဘီလ်ဘာအိုစတားဟာ ဂျာမန်မြေမှာ စပိန်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး လာမယ့်ဖိုင်နယ် အင်္ဂလန်အသင်းနဲ့ပွဲမှာလည်း ပါဝင်လာဖွယ်ရှိနေပါတယ်။ ဝီလီယံရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပအသင်းတော်တော်များများက ခေါ်ယူဖို့ မျက်စိကျနေကြပါတယ်။

ဘီလ်ဘာအိုနဲ့ စာချုပ်သစ် ချုပ်ဆိုထားပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက စပိန်သားကို အသင်းတော်တော်များများက ချိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့က အသည်းအသန်စိတ်ဝင်စားခဲ့ပေမယ့် စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၆ သန်းရှိနေပါတယ်။ အခြားတစ်ဖက်မှာလည်း ချဲလ်ဆီးနဲ့ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားနေကာ အသင်းဥက္ကဌ ယူရီအာတီက စပိန်အက်ဖ်အေရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

“နီကိုက အက်သလက်အသင်းမှာ ဆက်ရှိနေမယ့် ကစားသမားပါ။ အခုဆိုရင် သူကစပိန်အသင်းအတွက် ပါဝင်ကစားပေးနေတာပါ။ စပိန်အက်ဖ်အေအနေနဲ့ သူ့ကိုကာကွယ်ပေးသင့်ပါတယ်”လို့ ယူရီအာတီက ပြောကြားခဲ့ပါတယ်။ ဝီလီယံကိုယ်တိုင်ကတော့ လက်ရှိမှာ စပိန်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး အနာဂတ်အတွက် မစဉ်းစားသေးဘူးလို့ ပြောကြားထားခဲ့ပါတယ်။