The network connection is lost.

Banner Image

ချီဒိုရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယူနိုက်တက်ကိုပြောင်းဖို့ဆုံးဖြတ်ခဲ့တဲ့ ချီဒိုအိုဘီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာခဲ့ကာ ချီဒိုတစ်ယောက် အသင်းဟောင်းနဲ့ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်သားဟာ အောက်တိုဘာလတုန်းက ယူနိုက်တက်ထံ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲ့ကတည်းက စီနီယာအသင်းမှာ အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့အက်ဖ်အေဖလားပွဲမှာ ပွဲထွက်ခွင့်အနည်းငယ်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေက သူ့ရဲ့ခြေစွမ်းကို သဘောကျနေပါတယ်။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အာတီတာက ချီဒိုရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကံမကောင်းခဲ့တာလို့ ဝန်ခံပြောကြားခဲ့သလို အာဆင်နယ်က  သူ့ရဲ့ထွက်ခွာမှုကို မေ့ပစ်ရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ယေဘုယျအားဖြင့် ကစားသမားတစ်ဦးက သူ့ရဲ့လမ်းကြောင်းအတွက် ထွက်ခွာဖို့ဆုံးဖြတ်ချိန်မှာ ခင်ဗျားအနေနဲ့ ဘာမှအများကြီးမလုပ်နိုင်တော့ပါဘူး။ အရမ်းကိုမှ ကံမကောင်းခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အကယ်ဒမီထွက်ကစားသမားတွေကို အသင်းမှာဆက်ထိန်းချင်ပါတယ်။ ပြီးတော့ စီနီယာအသင်းထံခေါ်ယူချင်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဖြစ်ရပ်မှာ အေဒန်နည်းတူ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။

ကစားသမားတစ်ဦးကို ဆက်နေဖို့ ဆွဲဆောင်ရာမှာ ကျွန်တော်တို့ သေချာလေးလုပ်ဆောင်ခဲ့ပါတယ်။ အသေးစိတ်တော့ မသိပေမယ့် ၂ ဦး ၂ ဖက်အဆင်မပြေသလို ခံစားခဲ့ရပါတယ်။ အရှိတရားကတော့ သူက အသင်းကနေထွက်ခွာချင်ခဲ့တာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ လအစတုန်းက ယူနိုက်တက်အသင်း အက်ဖ်အေလူငယ်ဖလားရချိန်မှာ ချီဒိုက ယူနိုက်တက်ကို ကူညီပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အမ်းမရိတ်မှာ အာဆင်နယ်ကို ၃-၂ နဲ့အနိုင်ရရှိခဲ့ပါတယ်။ မာတင်တစ်ယောက် အာဆင်နယ်ကနေထွက်ခွာပြီးနောက် ကျေးဇူးတင်ကြောင်းကို ဟာသအီမိုဂျေတွေနဲ့ မှတ်ချက်ပြုခဲ့ပါတယ်။ အသက် ၁၇ နှစ်သားဟာ ဒီယာလိုဒဏ်ရာရပြီးနောက် စီနီယာအသင်းထံရောက်ရှိသွားခဲ့ပြီး ပွဲထွက်ခွင့်မိနစ်တွေရရှိလာခဲ့တာဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့ အသင်းဟောင်းနဲ့ပွဲမှာလည်း ချီဒိုတစ်ယောက် ပွဲထွက်ခွင့်မိနစ်အချို့ရရှိဖွယ်ရှိနေပါတယ်။