The network connection is lost.

Banner Image

တော့တင်ဟမ်ကိုကျော်ဖြတ်ပြီး အီဇီကိုခေါ်ယူလိုက်နိုင်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ တော့တင်ဟမ်ကခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်ကြယ်ပွင့် အီဘရီချီအီဇီကို ကြားဖြတ်ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှုရရှိထားပြီလို့ သိရပါတယ်။ တော့တင်ဟမ်အနေနဲ့ အီဇီကိုခေါ်ယူဖို့ ကာလရှည်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပေမယ့် ယခုအခါမှာ အပြောင်းအရွှေ့ထဲသို့ အာဆင်နယ်ကဝင်ရောက်လာခဲ့ကာ တော့တင်ဟမ်ထံမှဖြတ်ခုတ်ပြီး ကစားသမားကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ အီဇီအနေနဲ့လည်း တော့တင်ဟမ်ထက် အာဆင်နယ်သို့သာပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။

တော့တင်ဟမ်ဥက္ကဌ ဒန်နီဒယ်လီဗိုင်ဟာ အီဇီရဲ့အပြောင်းအရွှေ့အတွက် ခရစ္စတယ်ပဲလေ့စ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့သော်လည်း အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ကြန့်ကြာနေခဲ့တာကြောင့် အင်္ဂလန်လက်ရွေးစင်ဟာ အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ အသင်းရဲ့တိုက်စစ်ကြယ်ပွင့် ကိုင်ဟားဗတ်ဇ် ဒူးဒဏ်ရာရရှိသွားတာကြောင့်လည်း အီဇီနဲ့ အစားထိုးလိုနေတာဖြစ်ပါတယ်။ 

အီဇီဟာ တစ်ချိန်က အာဆင်နယ်အသင်းရဲ့အကယ်ဒမီမှာ ကစားခဲ့ဖူးသူဖြစ်တာကြောင့် အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။ ပဲလေ့စ်ဘက်ကတော့ ကစားသမားရဲ့ဆန္ဒအတိုင်းဆောင်ရွက်ပေးဖို့သာ ပြင်ဆင်ထားတာကြောင့် အသက်-၂၇ နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ကို မကြာမီမှာပဲ အမ်းမရိတ်စ်မှာမြင်တွေ့သွားရဖွယ်ရှိပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်နည်းပြ အိုလီဗာဂလက်စ်နာအနေနဲ့ အီဇီကို ဖရက်ဒရစ်စတက်နဲ့ယှဉ်ပြိုင်သွားရမယ့် ကွန်းဖရန့်လိဂ်ခြေစစ်ပွဲမှာ နောက်ဆုံးအနေနဲ့ ထည့်သွင်းအသုံးပြုလိုသေးတာကြောင့် အပြောင်းအရွှေ့ကိစ္စတွေဟာ လာမယ့်သောကြာနေ့အထိ အပြီးသတ်ဖွယ်မရှိသေးပါဘူး။ သို့သော်လည်း အပြောင်းအရွှေ့ကျွမ်းကျင်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ကစားသမားဟာ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ သဘောတူညီထားတယ်လို့သိရပါတယ်။