The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း အနီကတ်ပြစ်ဒဏ်ထိခဲ့တဲ့ ရော်ဘတ်ဆန်ကို ကာကွယ်ပေးခဲ့တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ဖူလ်ဟမ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စောစောစီးစီးပဲ အနီကတ်ပြစ်ဒဏ်နဲ့အတူ ပွဲစဉ်မှထုတ်ပယ်ခံခဲ့ရတဲ့ ရော်ဘတ်ဆန်ကို ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

စကော့တလန်ဘယ်အစွန်နောက်ခံလူက ယမန်နေ့ညပိုင်း၊ အန်ဖီးလ်ကွင်းပွဲစဉ်အတွင်း ပွဲချိန် ၁၇ မိနစ်မှာတင် အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရလို့ လီဗာပူးပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံယူခဲ့ရပါတယ်။ ရော်ဘတ်ဆန်က ပါရဲယားရဲ့ဟယ်ရီဝီလ်ဆင်ဆီ အဝေးဘောပေးပို့မှုကို ကြားဖြတ်လုယူဖို့ ကြိုးစားခဲ့ပါတယ်။ ကနဦးအဆင့်မှာ သူ အောင်မြင်ခဲ့ပေမယ့် ဘောလုံးထိန်းသိမ်းပုံမသေသပ်မှုမှတဆင့် ဟယ်ရီဝီလ်ဆင် ဘောလုံးပိုင်ဆိုင်မှုပြန်လည်ရရှိသွားပြီးနောက် ကြမ်းတမ်းတဲ့ဖျက်ထုတ်ပုံတစ်ခု ပြုလုပ်ခဲ့လို့ ပွဲစဉ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပွဲချိန်အစောပိုင်းမှာပဲ ကစားသမားတစ်ဦးထုတ်ပယ်ခံရမှုက ပွဲရလဒ်ပိုင်းအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု တစ်ခု ရှိစေခဲ့ပြီး အနီရောင်တပ်သားတွေအတွက် အိမ်ကွင်းသရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီအတွက် ပရိသတ်တွေရဲ့ဝေဖန်မှုတွေ ရှိနေပေမယ့် အန်းစလော့ကတော့ ရော်ဘတ်ဆန်အပေါ် ကာကွယ်ပေးရင်း လက်ကျန်ကစားသမားတွေနဲ့အတူ နောက်ခံလူဟာ အခုပွဲစဉ်ရဲ့ရမှတ်တစ်မှတ်ကိုရယူသွားရန် စရိုက်လက္ခဏာကောင်းပြသသွားခဲ့တယ်လို့ ရှင်းပြပါတယ်။

ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒတ်ချ်လူမျိုးနည်းပြက “ဒီနေ့ပွဲစဉ်မှာ အသင်းဘက်မှ ပြသခဲ့တဲ့ စရိုက်လက္ခဏာမျိုးကို ရော်ဘတ်ဆန်လည်း ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တခါတရံမှာ ဒူးကို ဘောကန်ဖိနပ်ဘားနဲ့ အကန်ခံရမယ်ဆိုရင် မိနစ်အနည်းငယ်ကြာမြင့်တဲ့အထိ နာကျင်နေနိုင်ပါတယ်။ အဲ့ဒီနောက် ဆက်ပြီး ပြေးရင်းလွှားရင်းနဲ့ပဲ ကိုယ့်ရဲ့အခြေအနေ ပိုကောင်းပြီးရင်း ကောင်းလာပါလိမ့်မယ်။ ဒီလိုမျိုးပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပါတယ်။
အထူးသဖြင့် ကျွန်တော့်မှာ ပုံမှန်ဘယ်အစွန်ခံစစ်မှူးမဟုတ်တဲ့ နောက်ခံလူတစ်ဦးပဲ အရန်ခုံတန်းပေါ် ရှိနေပါတော့တယ်။ ဒါကြောင့် ရော်ဘတ်ဆန်အနေနဲ့ အခုနာကျင်မှုကိုကျော်ဖြတ်ပြီး အကောင်းဆုံးလုပ်နိုင်ဖို့ပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ပါတယ်။ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။

 ဒါပေမယ့် သူ့ရဲ့အခြေအနေက လုံးဝကောင်းမွန်နေတာမျိုးမဟုတ်ဘူးလို့ ကျွန်တော်သတိထားလိုက်မိချိန်မှာပဲ ပြိုင်ဘက်က သူရဲ့နောက်မှာရှိတဲ့နေရာလွတ်ဆီ ဘောလုံးပေးပို့ဖို့ ကြိုးစားလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူက စပြေးနေပါပြီ။ ရော်ဘတ်ဆန်က ဘောလုံးကို အလီဆင်ဆီ ပြန်ပေးဖို့ ကြိုးစားခဲ့ပုံပါပဲ။ အိုကေ၊ ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့လို့တောင် ကျွန်တော် တွေးမိခဲ့ပါတယ်။

 ကျွန်တော့်အမြင်အရတော့ သူ့အတွက် အနီကတ်ပြစ်ဒဏ်ဆုံးဖြတ်ချက်ချမှတ်မှုက အတော်လေးမြန်ဆန်လွန်းပါတယ်။ ရော်ဘတ်ဆန်အပေါ် ဝေဖန်စရာ မရှိပါဘူး။ ရော်ဘတ်ဆန်က ဒူးခေါင်းကို ဘောကန်ဖိနပ်နဲ့အကန်ခံထားရတာကြောင့် အခုလိုစရိုက်လက္ခဏာကောင်းကို ဆက်ပြီးတော့ ပြသချင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဒါက အနီကတ်ပြစ်ဒဏ်တစ်ခုဆီ ဦးတည်သွားခဲ့ပါတယ်။ အနီကတ်ဆိုတော့လည်း ထိုက်တန်တဲ့အနီကတ်ပဲပေါ့”လို့ ပြောပါတယ်။

မာဆေးဆိုဒ်ကလပ်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်းမှာ ရင်ဆိုင်သွားရပါမယ်။