The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပြီးနောက် တော့တင်ဟမ်နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ ပိုစတီကိုဂလူ

မန်ချက်စတာယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူကာ တော့တင်ဟမ်အတွက် ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပြီးနောက် နည်းပြ အန်ဂျီပိုစတီကိုဂလူက သူ့ရဲ့နည်းပြဘဝ အနာဂတ်နဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပိုစတီကိုဂလူဟာ တော့တင်ဟမ်ရဲ့ ၁၇ နှစ်ကြာ ဖလားမိုးခေါင်မှုကို ရပ်တန့်ပေးခဲ့သူဖြစ်ပြီး ယခုပွဲစဉ်မှာ အသင်းအတွက်တစ်လုံးတည်းသော အဖိုးတန်အနိုင်ဂိုးကိုတော့ တောင်ပံကစားသမားလေး ဘရန်နန်ဂျွန်ဆန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်မတိုင်မီမှာကတည်းက ပိုစတီကိုဂလူဟာ ယူရိုပါလိဂ်ဆုဖလားကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်ရေ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဩစတြေးလျသားနည်းပြက "ကျွန်တော် ဒီဆုဖလားကိုရဖို့ အရမ်းအာရုံစိုက်ခဲ့ပါတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်‌တော် ဒီအသင်းကို တည်ဆောက်နေဦးမှာပါ။ လူငယ်ကစားသမားတွေအရမ်းများလို့ အတွေ့အကြုံတွေတော့လိုပါသေးတယ်"

"ကျွန်တော်ရဲ့စိတ်ကူးအရဆိုရင်တော့ ကျွန်တော်က ကာလရှည်အောင်မြင်နိုင်မယ့် အသင်းတစ်သင်းကို တော့တင်ဟမ်မှာ တည်ဆောက်ချင်တာပါ။ ဒါပေမယ့် ကျွန်တော်က မန်နေဂျာတစ်ယောက်သာဖြစ်လို့၊ ဒီအခွင့်အရေးက ကျွန်တော့်လက်ထဲမှာမရှိပါဘူး" "ကျွန်တော်အလုပ်မပြီးမြောက်သေးဘူးဆိုတာတော့ ပြောချင်ပါတယ်။ ဒါပေမယ့် လောလောဆယ် ကျွန်တော့်ရဲ့အခန်းကဏ္ဍကို ကျွန်တော် လက်ခံပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၇ နေရာမှာကျဆင်းနေပေမယ့် နောက်ရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသွားမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ပိုစတီကိုဂလူက "ဒီဘောလုံးအသင်းအတွက် ဆုဖလားက ဘယ်လောက်အထိ အဓိပ္ပာယ်ရှိစေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ခုခုကို ချိုးဖောက်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ စိတ်အားထက်သန်တဲ့ လူငယ်ကစားသမားတွေပိုင်ဆိုင်ထားပြီး အစဉ်အလာကို ချိုးဖျက်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။