ရီးရဲလ်မက်ဒရစ်ရဲ့စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး စိတ်ပျက်နေတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီတစ်ယောက် ပြီးခဲ့တဲ့ရုန်းကန်မှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေတာတွေကြောင့် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါ နဲ့ ချန်ပီယံလိဂ်ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာပေကို ထပ်မံခေါ်ယူနိုင်ခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ အောင်မြင်မှုတွေထပ်မံရယူနိုင်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ရီးရဲလ်အသင်းဟာ ရုန်းကန်လာခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အန်ဆယ်လော့တီရဲ့အနာဂတ်ကြောင့် မေးခွန်းထုတ်ခံနေရပြီး အဆိုပါအခြေအနေတွေက အခုလက်ရှိရီးရဲလ်ရုန်းကန်နေရတာနဲ့ သက်ဆိုင်နေတယ်လို့ SER ပရိုဂရမ်မှာ အန်တိုနီယိုက ပြောကြားခဲ့ပါတယ်။အသက် ၆၅ နှစ်သားဟာ ရီးရဲလ်အသင်းရဲ့စိုးရိမ်မှုတွေနဲ့ပတ်သက်လို့ စိတ်ပျက်နေတယ်လို့ သတင်းထောက် အန်တိုနီယိုက ဆိုပါတယ်။
ဒါပေမယ့်လည်း အသင်းဘက်ကတော့ အီတလီသားကို ဆက်လက်ထောက်ခံထားဆဲလို့ သိရပါတယ်။ အသင်းအတွင်းပြဿနာ နဲ့ ဘာစီလိုနာက အယ်လ်ကလက်ဆီကိုမှာ ၄ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့်လည်း ရီးရဲလ်အသင်းဟာ ဘာစီလိုနာရဲ့ ၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုကနေ လာလီဂါအမှတ်ပေးဇယားမှာ ၁ မှတ်အကွာကို ရောက်လာခဲ့ပါတယ်။
ရီးရဲလ်အသင်းဥက္ကဌ ပီရက်ဇ်ကလည်း အသင်းကစားဟန်မှာ ပြဿနာရှိနေပေမယ့် အန်ဆယ်လော့တီဟာ လက်ရှိအသင်းနဲ့သင့်တော်မယ့်နည်းပြအဖြစ် ယုံကြည်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် အီတလီသားဟာ ရီးရဲလ်အသင်းမှာပဲဆက်ရှိနေဖို့ များနေတာဖြစ်ပါတယ်။