
ရီးရဲလ်ကနေထွက်ခွာပြီးနောက် အသင်းသစ်ကို ကိုင်တွယ်မယ့် အန်ဆယ်လော့တီ
သတင်းတွေအရ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီဟာ ရာသီအကုန်မှာ စပိန်မြေကနေထွက်ခွာမှာဖြစ်ပြီး ဘရာဇီးအသင်းကို နည်းပြအဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
အီတလီသားဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးဖြစ်ပြီး မေလ ၂၆ ရက်နေ့မှာ ပထမဆုံးနိုင်ငံခြားသား ဘရာဇီးနည်းပြဖြစ်လာမှာဖြစ်ပါတယ်။ အန်ဆယ်လော့တီကို ဘရာဇီးအသင်းက ကာလရှည်ချိတ်ဆက်နေတာဖြစ်ပြီး ၂ ဦး ၂ ဖက်ကာလရှည်ဆွေးနွေးခဲ့ရကာ အခုချိန်မှာ ရီးရဲလ်အသင်းကနေထွက်ခွာဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။
ကနဦးအခြေအနေက မသေချာသေးပေမယ့် အသက် ၆၅ နှစ်သားဟာ အခုရာသီအကုန်မှာ မက်ဒရစ်ကနေထွက်ခွာမှာဖြစ်ပြီး ရီးရဲလ်အသင်းဘက်က ကလပ်ကမ္ဘာ့ဖလားရှိနေတာကြောင့် နည်းပြနေရာအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမယ့် အခုချိန်မှာလည်း အန်ဆယ်လော့တီဟာ လက်ကျန် ၃ ပွဲအကျန်မှာပဲ အန်ဆယ်လော့တီတစ်ယောက် ရီးရဲလ်ကနေထွက်ခွာဖို့ သေချာခဲ့ပြီလို့ သိရပါတယ်။
“ဘရာဇီးအသင်းဘက်က ရီးရဲလ် နဲ့ အသင်းဥက္ကဌ ပီရက်ဇ်တို့ကို လေးစားမှုရှိသလို အန်ဆယ်လော့တီ နဲ့ စာချုပ်အခြေအနေကိုလည်း လေးစားပါတယ်။ ပြီးတော့ ၂ ဦး ၂ ဖက်လေးစားမှုကော ပေါင်းစပ်လုပ်ဆောင်မှုလည်း ရှိပါတယ်။ ဘရာဇီးအသင်းအဖွဲ့ချုပ်ဘက်က အန်ဆယ်လော့တီကို ခေါ်ယူရေးမှာ ဦးဆောင်ခဲ့တဲ့ ဒီယေဂိုဖာနန်ဒက်စ်ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ မစ္စတာအန်ဆယ်လော့တီကို နွေးထွေးစွာကြိုဆိုနိုင်တော့မှာဖြစ်ပြီး သူ့ရဲ့ဦးဆောင်မှုအောက်မှာ ခေတ်သစ်တစ်ခုကို တည်ဆောက်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဘရာဇီးအသင်းဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အန်ဆယ်လော့တီအတွက် အခုရာသီကနောက်ဆုံးရာသီဖြစ်ပြီး လက်ရှိမှာဆုဖလား ၂ လုံးကနေထွက်ခွာခဲ့ရပြီးဖြစ်ကာ အယ်လ်ကလက်ဆီကိုမှာ ဘာစီလိုနာကို ၄-၃ နဲ့အရေးနိမ့်ခဲ့ပေမယ့် လာလီဂါမှာတော့ သချာၤနည်းအရဖြစ်နိုင်ချေရှိနေသေးတာဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ယခင်တုန်းက ပရီးမီးယားလိဂ်မှာ အဲဗာတန် နဲ့ ချဲလ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ရီးရဲလ် ၊ အေစီမီလန်တို့နဲ့အတူ အအောင်မြင်ဆုံးနည်းပြအဖြစ် စိုက်ထူထားနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ အန်ဆယ်လော့တီနေရာအတွက် အလွန်ဆိုကို ချိတ်ဆက်ထားပြီးဖြစ်ကာ အန်ဆယ်လော့တီကတော့ နည်းပြ ဂျူနီယာနေရာမှာ အစားဝင်မှာဖြစ်ပါတယ်။ ပထမဆုံးဘရာဇီးပွဲစဉ်ကိုတော့ လာမယ့်ဇွန်လ ၆ ရက်နေ့ အီကွေဒေါနဲ့ပွဲမှာ စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။