အန်းဒရစ်ခ် နဲ့ ဂူလာတို့ ပွဲကစားချိန်ပြတ်လပ်နေတာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက လူငယ်ကစားသမားတွေဖြစ်တဲ့ အန်းဒရစ်ခ် နဲ့ ဂူလာတို့ ပွဲကစားချိန်ပြတ်လပ်နေတာနဲ့ပတ်သက်ပြီး ရှင်းပြလိုက်သလို သူတို့ကို အကျိုးယုတ်စေလိုတဲ့ရည်ရွယ်ချက်မရှိဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။ သူတို့ ၂ ဦးဟာ မက်ဒရစ်မြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး အန်းဒရစ်ခ်ကို လာမယ့်ဆောင်းဈေးကွက်မှာ အငှားခေါ်ယူမယ့်အသင်းတွေလည်း များပြားနေတာဖြစ်ပါတယ်။
ဒါပေမယ့် အတ္တလန္တာနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် အန်ဆယ်လော့တီက ဂူလာ နဲ့ အန်းဒရစ်ခ်တို့ကို ရောင်းချမှာမဟုတ်ပဲ ပုံမှန်ကစားခွင့်အတွက် သင်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ တူရကီမက်ဆီလို့ တင်စားခံနေရတဲ့ဂူလာကတော့ နိုင်ငံအသင်းနဲ့ကော ကလပ်အသင်းနဲ့ပါ ခြေစွမ်းကောင်းတွေပြသနေသလို အန်းဒရစ်ခ်ကလည်း စွမ်းဆောင်ရည်ကောင်းတွေကြောင့် အခုနှစ် စီနီယာဘရာဇီးအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီကတော့ သူတို့လေးတွေရဲ့တိုးတက်မှုအတွက် စိတ်ရှည်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ “အန်းဒရစ်ခ်က ဒီမှာဆက်နေမှာပါ။ အဲ့လိုပဲ ဂူလာလည်း အတူတူပါပဲ။ သူတို့ ပွဲထွက်ခွင့်မိနစ်တွေပိုလိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှသူတို့ကို အကျိုးမယုတ်စေချင်ပါဘူး။
တစ်ပွဲချင်းစီမှာ ကျွန်တော်အကောင်းဆုံးကစားသမားတွေကိုပဲ ပွဲထုတ်လေ့ရှိပါတယ်။ အဲ့တာက အသက် ၁၈ ကနေ ၄၀ နှစ်အတွင်းဖြစ်နိုင်ပါတယ်။တစ်ခါတလေမှာ ဂူလာ နဲ့ အန်းဒရစ်ခ်တို့ မကစားရနိုင်တာလည်းရှိနိုင်ပါတယ်။
ကျွန်တော်တို့ လူငယ်တွေနဲ့ပတ်သက်ပြီး စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ သူတို့က စိတ်အားထက်သန်မှုကို ယူဆောင်လာပါတယ်။ ဒါပေမယ့် သူတို့က ငယ်ရွယ်နေပါသေးတယ်။ ပြီးတော့ သင်ယူရမယ့်အရာတွေလည်းရှိနေပါသေးတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
လာမယ့် အတ္တလန္တာနဲ့ချန်ပီယံလိဂ်ပွဲမှာ သူတို့ ၂ ယောက်ပါဝင်လာနိုင်ချေရှိနေပြီး အန်ဆယ်လော့တီအနေနဲ့ ပွဲထွက်ခွင့်ပေးဖွယ်ရှိနေပါတယ်။