
လီဗာပူးထက် လေဗာကူဆင်မှာ ဆက်နေရတဲ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အလွန်ဆို
လေဗာကူဆင်နည်းပြ အလွန်ဆိုက လီဗာပူးအသင်းထက် လေဗာကူဆင်အသင်းမှာပဲ ဆက်နေရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စပိန်သားဟာ ဂျာမန်ကလပ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါချန်ပီယံဆုကတာ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးလိဂ်ဖလားဖြစ်ပြီး ဂျာမန်ပိုကယ်ဖလားက ဒုတိယအကြိမ်ဖြစ်ကာ ယူရိုပါလိဂ်မှာတော့ အတ္တလန္တာကို အရေးနိမ့်ခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ရည်မျိုးတွေကြောင့် အလွန်ဆိုကို အသင်းတော်တော်များများက အလိုရှိနေကြီပြီး အဲ့ထဲမှာ လီဗာပူးနဲ့ ဘိုင်ယန်တို့က ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒါပေမယ့် အသက် ၄၂ နှစ်သားက အဆိုပါအခွင့်အရေးတွေကို ပယ်ချပြီး အသင်းမှာဆက်နေဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ “ဒီဆုံးဖြတ်ချက်အားလုံးကို ကျွန်တော်တို့ကျော်လွှားဖို့ လိုအပ်သလို ခင်ဗျားအနေနဲ့ တွေးဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော့်ဘာလိုအပ်နေသေးလဲဆိုတာလည်း တွေးရပါမယ်။ သေချာတာက လီဗာပူးအသင်းနဲ့ သံယောဇဉ်ရှိနေဆဲပါ။ ဒါကြောင့် ဘာပြဿနာမှမရှိပါဘူး။ ဒီလိုဆွေးနွေးတဲ့ အရာတွေက နောက်ကွယ်မှာရှိတာပါ”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းကတော့ အလွန်ဆိုအဆင်မပြေခဲ့တာကြောင့် ကလော့ပ်နေရာမှာ အာနီစလော့တ်နဲ့ အစားထိုးခဲ့ရပါတယ်။ ဘိုင်ယန်ကတော့ တူချယ်နေရာမှာ ဘန်လေအသင်းနည်းပြဟောင်း ကွန်ပနီနဲ့ အစားထိုးခဲ့ရပါတယ်။ အလွန်ဆိုက သူ့အနေနဲ့ဆက်လက်တိုးတက်လာနိုင်မယ့် နည်းပြလို့ ထောက်ခံခဲ့ပါတယ်။
“ကျွန်တော် အနာဂတ်မှာ ပိုကောင်းလာနိုင်တဲ့နည်းပြဖြစ်လာနိုင်ပါတယ်။ သေချာတာက ဒီပွဲတွေကို မမေ့သင့်ပါဘူး။ ယူရိုပါလိဂ်ရှုံးပွဲကို အနာဂတ်မှာ အသုံးချနိုင်ပါတယ်။ လက်ရှိမှာ နာကျင်ရပေမယ့် ဒီခံစားချက်က အနာဂတ်မှာ အသုံးဝင်လာနိုင်ပါတယ်”လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။