The network connection is lost.

Banner Image

စပိန်ကို အရေးနိမ့်ပြီးနောက် ပြင်သစ်စတားတစ်ဦးကို ဝေဖန်လိုက်တဲ့ အလန်ရှီးယား

စပိန်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အချိန်ဖြုန်းခဲ့တဲ့ ပြင်သစ်စတား ဒမ်ဘီလီရဲ့ စွမ်းဆောင်ရည်ကို အလန်ရှီးယားက ဝေဖန်လိုက်ပါတယ်။

ဒက်စ်ချမ့်ရဲ့အသင်းဟာ မူအာနီရဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် စပိန်က ယာမဲလ်၊ အိုလ်မိုတို့ရဲ့ဂိုးတွေရဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဘာပေ၊ ဟာနန်ဒက်ဇ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် စပိန်က ၂-၁ နဲ့ အနိုင်ရရှိပြီး ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အလန်ရှီးယားက ပီအက်စ်ဂျီစတား ဒမ်ဘီလီရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။ “ဒမ်ဘီလီရဲ့စွမ်းဆောင်ရည်က ဒီနေ့ပွဲမှာ တော်တော်ဆိုးပါတယ်။ သူကကောင်းမွန်တဲ့ အခြေအနေမှာရှိပေမယ့် အချိန်ဖြုန်းနေခဲ့ပါတယ်။ အဲ့တာက တော်တော်လေးစိတ်ပျက်ဖို့ကောင်းသလို သူ့အနေနဲ့ ဧရိယာထဲကို ဘောလုံးဖြန့်ပေးဖို့ လိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့ ကောင်းမွန်တဲ့အနေအထားတစ်ခုရှိနေချိန်မှာ ပိုကောင်းအောင် လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ သူ့မှာအခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးသမားဆီကိုပဲ ကန်နေပါတယ်။ ကျွန်တော် အဲ့လိုအနေအထားကို စိတ်ပျက်ဒေါသထွက်မိတာပါ။ ဒီနေ့ညမှာ သူ့ရဲ့စွမ်းအင် နဲ့ အရည်အချင်းက တော်တော်ဆိုးဝါးပါတယ်”လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။

ဒက်စ်ချမ့်ရဲ့အသင်းဟာ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်ရှိခဲ့ပြီး ဆီမီးဖိုင်နယ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ “ကျွန်တော်တို့ အဖွင့်ဂိုးရခဲ့ပေမယ့် ဒီပွဲမှာ စပိန်က ပိုကောင်းနေပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို လိုချင်သလိုလည်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အဆုံးသတ်မတိုင်ခင်အထိ တွန်အားပေးနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေလွဲချော်နေခဲ့ပါတယ်။ ဦးဆောင်ဂိုး အတွက်တော့ မူအာနီကို ကျေးဇူးတင်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ အခုထက်ပိုပြီး လုံလောက်တဲ့ အားထုတ်မှုရှိခဲ့မယ်ဆိုရင် ပိုကောင်းနိုင်ပါတယ်”လို့ ဒက်စ်ချမ့်က ပြောကြားခဲ့ပါတယ်။