The network connection is lost.

Banner Image

အီဒါဆန်အတွက် ငွေလုံးငွေရင်းပမာဏကြီးမားစွာသုံးစွဲသွားဖို့ ဆန္ဒရှိနေတဲ့ အယ်လ်အစ်တီဟတ်

ဘရာဇီးလက်ရွေးစင်ဂိုးသမားအတွက် အယ်လ်နာဆာရဲ့ကမ်းလှမ်းမှုကို မန်စီးတီးအသင်း ပယ်ချခဲ့ပြီးနောက် အယ်လ်အစ်တီဟတ်က အီဒါဆန်ကိုခေါ်ယူနိုင်ရေး ပြောင်းရွှေ့ကြေးပမာဏအများအပြားသုံးစွဲဖို့ ဆန္ဒရှိလာနေပါတယ်။

Daily Mail ရဲ့အဆိုအရ လွန်ခဲ့တဲ့လအနည်းငယ်အတွင်း မန်စီးတီးဂိုးသမား အီဒါဆန်အပေါ် ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုတွေ ပေါ်ပေါက်လာခဲ့ပြီး လက်ရှိမှာ ဘရာဇီးဂိုးသမားအတွက် ကမ်းလှမ်းမှုကို အယ်လ်နာဆာ၊ အယ်လ်အစ်တီဟတ်တို့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာလည်း နာမည်ကျော်သတင်းထောက်ရိုမာနိုက မန်စီးတီးအသင်းဟာ ဂိုးသမားအတွက် အယ်လ်နာဆာရဲ့ လက်ငင်းပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက သူတို့ရဲ့ဂိုးသမားကို ပေါင်သန်း ၅၀ ဝန်းကျင် တန်ကြေးသတ်မှတ်ထားပါတယ်။ လတ်တလောနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ အယ်လ်အစ်တီဟတ်က မန်စီးတီးတောင်းဆိုတဲ့ ပမာဏကို ပေးချေသွားဖို့ သဘောတူလိုက်ပြီလို့ ဖော်ပြလာပါတယ်။

The Sun သတင်းဌာနကလည်း မန်စီးတီးအနေဖြင့် သူတို့ရဲ့ဦးစားပေးဂိုးသမားနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပြီး ဒီညှိနှိုင်းမှုမှာ ဂိုးသမားအတွက် သီတင်းတစ်ပတ်လုပ်ခ ပေါင် ၉၀၀,၀၀၀ အပြင် စာချုပ်သစ်လက်မှတ်ရေးထိုးမှုဆိုင်ရာ အပိုထပ်ဆောင်းဆုကြေးအများအပြားကို ပေးချေဖို့ အဆင်သင့်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက်-၃၀ နှစ်အရွယ် ဂိုးသမားက လက်ရှိမှာ ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့အတူ အမေရိကန်နိုင်ငံဆီ ရောက်ရှိနေပြီး ဆဲလ်တစ်နဲ့ ရင်ဆိုင်ရမယ့် ရာသီကြိုအဖွင့် ခြေစမ်းပွဲစဉ်အတွက် ပြင်ဆင်နေပါတယ်။