ဘရာဇီးသား ၂ ဦးကို ပစ်မှတ်ထားလာတဲ့ အယ်လ်-အက်လီ
ဆော်ဒီကလပ် အယ်လ်-အက်လီအသင်းဟာ ဘရာဇီးသား ၂ ဦးဖြစ်တဲ့ အာဆင်နယ်စတား ဂျီးဆပ်စ်နဲ့ တော့တင်ဟမ်စတား ရစ်ချာလီဆင်တို့ကို ပစ်မှတ်ထားလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက အယ်လ်-အက်လီအသင်းဟာ မာရက်ဇ် ၊ စိန့်မက်ဆီမင် ၊ မန်ဒီ ၊ ဖာမီနို ၊ ကက်ဆီတို့ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ ကွင်းတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘရာဇီးသား ၂ ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
ဆော်ဒီသတင်းဌာနကတော့ အယ်လ်-အက်လီနည်းပြ မက်သီးယက်စ်ဟာ စိန့်မက်ဆီမင်နေရာမှာ အစားထိုးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ အယ်လ်-အက်လီအသင်းရဲ့ပစ်မှတ်ထဲမှာ ဂျီးဆပ်စ်နဲ့ ရစ်ချာလီဆင်တို့ကို ခေါ်ယူဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသင်းဘက်ကတော့ သူတို့ ၂ ဦး အဆင်မပြေခဲ့ရင် အခြားကစားသမားတွေကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ရစ်ချာလီဆင်ကို အခုနွေရာသီအစောပိုင်းတုန်းက ဆော်ဒီကလပ် အယ်လ်-ဟီလယ်အသင်းက ချိတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးသားက အဆိုပါသတင်းတွေကိုပယ်ချပြီး လန်ဒန်မှာပဲဆက်နေမယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အခုအနားယူတာကနေ ပြန်လာနေပြီး လာမယ့်ရာသီအတွက် အကောင်းဆုံးပြန်လာဖို့ လုပ်ဆောင်မှာပါ။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သတင်းတွေကိုကြားပါတယ်။ အဲ့တာက သတင်းအမှားတွေပါ။ ကျွန်တော် လာမယ့်ရာသီအင်္ဂလန်ကနေ ထွက်ခွာမှာမဟုတ်ပါဘူး”လို့ ရစ်ချာလီဆင်က ပြောကြားခဲ့ပါတယ်။
ဂျီးဆပ်စ်နဲ့ ရစ်ချာလီဆင်တို့ဟာာ ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ဘရာဇီးအသင်းလူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးသား ၂ ဦးစလုံးဟာ သက်ဆိုင်ရာအသင်းတွေနဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေအတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။