The network connection is lost.

Banner Image

ယူနိုက်တက်ကိုစွန့်ခွာဖို့ အင်္ဂလန်သားကို အကြံပေးလိုက်တဲ့ အဘွန်လဟော

ဗီလာစတားဟောင်း အဘွန်လဟောက ရက်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကိုထွက်ခွာပြီး ဗီလာထံအပြီးသတ်ပြောင်းလာဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်တာဗျူးတစ်ခုမှာ အလွန်လဟောက ယူနိုက်တက်ဟာ အနုတ်လက္ခဏာဆောင်တဲ့အသင်းဖြစ်တာကြောင့် ထွက်ခွာဖို့ တိုက်တွန်းခဲ့ပါတယ်။

အင်္ဂလန်သားဟာ ဇန်နဝါရီတုန်းက ဗီလာအသင်းထံကအငှားလာကစားခဲ့တာဖြစ်ပြီး ၁၁ ပွဲမှာ ၃ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အငှားမထွက်ခွာခင်တုန်းက ယူနိုက်တက်မှာ ရက်ရှ်ဖို့ဒ်တစ်ယောက် ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အင်္ဂလန်သားဟာ ယူနိုက်တက်အတွက် ၈ ဂိုးသွင်း ၊ ၅  ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ အဘွန်လဟောက ဗီလာမှာ ပုံစံကောင်ပြန်လည်ရှာဖွေနိုင်ခဲ့တာက နောက်ဆုံးဥပမာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ 

“ကျွန်တော် အသက်အရွယ်ကိုပြောတာပါ။ ရက်ရှ်ဖို့ဒ်အနေနဲ့ စဉ်းစားဖို့ လိုအပ်လာပါပြီ။ကျွန်တော်တို့ အခုဘယ်လောက်ကစားသမားအများအပြားအကြောင်းပြောနေတာလဲ?။ ယူနိုက်တက်ကနေထွက်ခွာပြီး ပိုကောင်းလာတဲ့ကစားသမားတွေရှိပါတယ်။ ဥပမာ ဒီမာရီယာပါ။ သူဆိုရင်လည်း ယူနိုက်တက်နေထွက်ခွာပြီးနောက် ပိုကောင်းလာပါတယ်။ အခုလည်း ရက်ရှ်ဖို့ဒ်ပါ။ တကယ်လို့ ယူနိုက်တက်မှာ သူဆက်နေမယ်ဆိုရင် လက်ရှိအခိုက်အတန့်မှာ ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ရှိနေမလားဆိုတာ မသေချာပါဘူး။ သူ့အနေနဲ့ အနုတ်လက္ခဏာဆောင်တဲ့အသင်းကနေထွက်ခွာသင့်ပါတယ်။ လူတိုင်းက ဒီအသင်းအကြောင်းသိပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ ဗီလာကိုပြောင်းလာရမယ့်အချိန်ပါ”လို့ အဘွန်လဟောက ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အခုလာမယ့်အပတ် နော်တင်ဟမ်နဲ့ပွဲမှာလည်း ဗီလာအသင်းတိုက်စစ်ကို ဦးဆောင်လာဖွယ်ရှိနေပါတယ်။ အမ်မရီရဲ့အသင်းဟာ လာမယ့်ရာသီဥရောပဝင်ခွင့်ရဖို့ နီးစပ်နေတာဖြစ်ပြီး အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၃ မှတ်သာကွာဟနေပါတယ်။