ပရီးမီးယားလိဂ် မန်နေဂျာတွေ ဝတ်ဆင်တဲ့ တန်ဖိုးကြီး နာရီများအကြောင်း | Ballonestar


The network connection is lost.

ပရီးမီးယားလိဂ် မန်နေဂျာတွေ ဝတ်ဆင်တဲ့ တန်ဖိုးကြီး နာရီများအကြောင်း

ကစားသမားတွေလိုဘဲ ထိပ်တန်းနည်းပြတွေမှာလည်း သူတို့နှစ်သက်တဲ့ ပစ္စည်းတွေ ဝယ်သုံးကြပါတယ်။ အဲဒီထဲကမှ တန်ဖိုးကြီးနာရီတွေလည်း အပါအဝင် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နည်းပြတွေဟာ စည်းကြပ်လိုင်းမှာ ကစားသမားတွေကို ညွန်ကြားအော်ဟစ်ရင်း တန်ဖိုးကြီးနာရီတွေ ဝတ်ဆင်ထားမှုကို မီဒီယာများက အသေအချာမှတ်တမ်းတင်ထားခဲ့ပါတယ်။

နည်းပြတွေဆိုတာလည်း ဘောလုံးပွဲချိန်အတွင်း အချိန်အတိအကျသိရှိရဖို့က အရေးကြီးတာဖြစ်တဲ့ အတွက် အကောင်းတကာ့အကောင်းဆုံး နာရီတွေကိုဘဲ ရွေးချယ်ဝတ်ဆင်ကြပါတယ်။ The Sun ရဲ့ ဖော်ပြမှုအရ ပရီးမီးယားလိဂ်နည်းပြတွေကြားမှာ ဘယ်သူတွေက ဘယ်လိုမျိုး တန်ဖိုးကြီး နာရီတွေကို ဝတ်ဆင်ထားကြလဲဆိုတာ ကြည့်ကြည့်ရအောင်လား။

ပက်ဂွါဒီယိုလာ (မန်စီးတီး)
---------------------
နာရီ - Rolex Cellin
တန်ဖိုး - ပေါင် ၁၂၅၀၀၀
မန်စီးတီးဘော့စ်ဟာ စတိုင်ကျနစွာ ဝတ်ဆင်တတ်သူဟု နာမည်ကျော်ပြီး သူရဲ့ နာရီကတော့ နာမည်ကျော်ဘရန်း Rolex ပါ။ အရင်တုန်းကတော့ ပက်ဟာ Richard Mille ၊ 010 AMC Automatic ,022 Tourbillon Aerodyne စတဲ့ တန်ဖိုးကြီးနာရီတွေကိုလည်း ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။
လက်ရှိ စပိန်သား ဝတ်နေတဲ့ Rolex နာရီဒီဇိုင်းဟာ classic ဆန်ပြီး ဂဏန်းတွေမပါတဲ့ ရိုးရှင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ဂျာဂင်ကလော့ပ် (လီဗာပူး)
------------------------
နာရီ - IWC Perpetual Calender
တန်ဖိုး - ပေါင် ၈၈၅၀
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပက်နဲ့လုံးဝမတူဘဲ နေ့၊လ၊ အချိန်တွေကိုပါ တပါတည်း ဖော်ပြတဲ့ mutli tasker နာရီမျိုးကို ဝတ်ဆင်ပါတယ်။ ဒါတင်မကသေးဘဲ ရက်ထပ်နှစ်တွေကိုပါ အဆိုပါနာရီက  alarm မြည်ကာ အသိပေးမှာ ဖြစ်ပါတယ်။

၎င်းနာရီကတော့ ဆွစ်ဇာလန်နာရီကုမ္ပဏီ IWC ရဲ့ နှစ်၅၀ပြည့် အထိမ်းအမှတ်အနေနဲ့ အလုံး၅၀သာ အကန့်အသတ်နဲ့ထုတ်ထားတဲ့ perpetual calender limited edtion အမျိုးအစားဘဲ ဖြစ်ပါတယ်။ ဘောလုံးကလပ်ကို ကိုင်တွယ်ဖို့က သိပ်ပြီး အရေးပါ လိုအပ်တဲ့ နာရီမျိုးမဟုတ်ပေမယ့် ရေအောက် အနက်မီတာ၁၀၀အထိ ငုတ်တတ်တဲ့ ရေကူးသမားတွေအတွက်တော့ အတော်အဆင်ပြေတဲ့ နာရီမျိုးပါပဲ။

သောမတ်စ်တူချယ် (ချဲလ်ဆီး)
-------------------------
နာရီ - Hublot Classic Fusion
တန်ဖိုး - ပေါင် ၄၇၀၀
ချဲလ်ဆီးကို ချန်ပီယံလိဂ်ဆုဖလား ရယူပေးထားသူ တူချယ်ဟာလည်း နာရီနဲ့ပတ်သက်လာရင် တန်ဖိုးကြီးတာတွေ ဝတ်ဆင်တတ်သူပါ။လက်ရှိမှာတော့ ပေါ်တူဂီသားဟာ Hublot ရဲ့ Ambassador ဖြစ်နေတဲ့အတွက် လက်ဆောင်ရထားတာကို ဝတ်ဆင်လျက် ရှိပါတယ်။

ချဲလ်ဆီးအသင်းကိုလည်း အဆိုပါ ဆွစ်နာရီကုမ္ပဏီ Hublot က စပွန်ဆာပေးထားတာလည်း ဖြစ်ပါတယ်။ Hublot ဟာ လာမယ့် ကာတာကမ္ဘာ့ဖလားတွင်လည်း အချိန်နာရီတွေကို ဖော်ပြပေးမည့် main sponsor အဖြစ်လည်း ပါဝင်သွားမည်ဟု သိရသည်။

ဖရန့်လမ်းပတ် (အဲဗာတန်)
--------------------
နာရီ - Patek Phillipe Aquanaut Travel Time 5164A
တန်ဖိုး - ပေါင် ၃၁၄၃၀
စူပါဖရန့်ဟာ အဲဗာတန်နည်းပြအဖြစ် ကြေညာချက်ထုတ်ပြီးကတည်းက ယနေ့အထိ ဝတ်ဆင်ထားတဲ့ နာရီဟာဆိုရင် Patek Phillipe ပါ။ ၎င်းနာရီဟာ ရွှေရောင်အနားသတ်နှင့် နာရီဒိုင်ခွက်အောက်ခံအနက်ရောင်တို့ဖြင့် ပေါင်းစပ်ထားကာ ဂဏန်းများမှာလည်း ရိုးရှင်းမှုဖြင့် ပေါင်းစပ်ထားပါတယ်။ တခြားကာလာအရောင်များလည်း ရှိပြီး ဒိုင်ခွက်တွင် ငွေရောင်၊ ရွှေရောင်တို့နဲ့လာသလို နာရီလက်ပတ်ကြိုးကိုလည်း လိမ္မော်ရောင်ကာလာတွေနဲ့ လာပါတယ်။

အန်တိုနီ ကွန်တီ (တော့တင်ဟမ်)
---------------------
နာရီ - Rolex Daytona
တန်ဖိုး - ပေါင် ၁၁၆၀၀
စပါးနည်းပြဟာလည်း Classic ဆန်တဲ့ နာရီမျိုးကို ကြိုက်ပါတယ်။ သူဟာ ပေါင် ၁၉၂၀၀လောက်တန်တဲ့ Niddan Duke နာရီကို ဝတ်ဆင်ခဲ့ဖူးပြီး လက်ရှိသူဝတ်နေတဲ့ Rolex Daytona နာရီကတော့ ပေါင်၁၂၀၀၀သာ တန်ပါတယ်။ ဒါပေမဲ့ အဆိုပါနာရီဟာ Rolex တွင် လူကြိုက်အများဆုံး နာရီတစ်ခုလည်း ဖြစ်သည်။

ဒေးဗစ်မိုယက်စ် (ဝက်စ်ဟမ်း)
--------------------
နာရီ - Patek Phillipe Annual Calender Moonphase
တန်ဖိုး - ပေါင် ၄၂၈၁၀
မိုယက်စ်ဝတ်ဆင်တဲ့ နာရီတွေကို ကြည့်ရင် ၎င်းဟာ နာရီအကြောင်းကို ကောင်းစွာ သိထားသူတစ်ယောက်လို့မြင်နိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်စဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ နာရီဟာ Audemars Piguet Royal Oak နာရီ အမျိုးအစားဖြစ်ပြီး ဟစ်ဟော့ပ်သမားတွေ ကြိုက်ကြတဲ့ နာရီဖြစ်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ ဝက်စ်ဟမ်းအသင်းမှာတော့ မိုယက်စ်ဟာ Premium နာရီတစ်မျိုး ဖြစ်တဲ့ Patek Phillipe နာရီကို ဝတ်ဆင်ထားပါတယ်။

စတီဗင်ဂျရတ် (အက်စတွန်ဗီလာ)
------------------------
နာရီ - Patek Phillipe Nautilus
တန်ဖိုး - ပေါင် ၃၇၅၃၀
လီဗာပူးဂန္တဝင်ဂျရတ်က ရိန်းဂျားစ်အသင်းမှာ ရှိစဉ်က Apple Watch ကို ဝတ်ဆင်ခဲ့ပြီး အက်စတွန်ဗီလာမှာတော့ ပေါင် ၃၇၅၃၀ တန်ကြေးရှိတဲ့ patek Phiilipe နာရီကို ဝတ်ဆင်လျက် ရှိပါတယ်။  ၎င်းနာရီများသည် နှစ်ဘယ်လောက်ကြာကြာ တန်ဖိုးကတော့ ကျမသွားတတ်ပါဘူး။ second hand နာရီများသည်ပင် အနည်းဆုံး ပေါင်၂၀၀၀၀ခန့်ရှိနေသည်။

ဘရန်ဒန်ရောဂျာစ် (လက်စတာစီးတီး)
----------------------------
နာရီ - Rolex Daytona
တန်ဖိုး - ပေါင် ၁၁၆၀၀
ကွန်တီလိုဘဲ လက်စတာနည်းပြဟာ အနက်ရောင်သံပတ်ပါတဲ့ Rolex Daytona နာရီကို ဝတ်ဆင်လျက် ရှိပါတယ်။ သူဟာ အရင်တုန်းက IWC Portuguese Yacht Club Chronograph နာရီကို ဝတ်ဆင်ခဲ့ပြီး လက်ရှိမှာတော့ နာရီအသစ်ပြောင်းထားတာပါ။

၎င်းနာရီဟာ second hand မှာတောင် ဈေးအလွန်ကြီးပြီး ပြုပြင်ထားတဲ့ Rolex Daytona နာရီတစ်လုံးတွင် ပေါင် ၅သောင်းလောက် ရှိနေပါတယ်။