မန်စီးတီးအား အတင်းအကျပ် ရောင်းချစေဖို့ အသင်းပိုင်ရှင်တွေဆီ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ တောင်းဆို
မန်စီးတီးပိုင်ရှင်တွေ ကလပ်အသင်းကို အတင်းအကျပ်ရောင်းချစေဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းအများအပြားရဲ့အဆင့်မြင့်တာဝန်ရှိသူတွေ တောင်းဆိုနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
မန်စီးတီးက ဟန်ပြစီးပွားရေးသဘောတူညီချက်တွေမှတဆင့် ဝင်ငွေတွေ တိုးမြှင့်ပြသခဲ့ပြီး အရှုံးပေါ်ငွေပေါင်သန်း ၉၀၀ ကိုဖုံးကွယ်မှုအတွက် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာလည်း လွတ်လပ်သော ဘောလုံးစည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ (IFR) ဥက္ကဋ္ဌ ဒေးဗစ်ကိုဂန်က မန်စီးတီးကို အရေးယူဖို့ သူ့ဆီမှာ သတ္တိအပြည့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘယ်လိုပြစ်ဒဏ်မျိုးဖြစ်လာမလဲဆိုတာ မသိရသေးပေမဲ့ ဒဏ်ငွေချမှတ်ခံရခြင်းမှအစ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရနိုင်ခြေအထိ အရာအားလုံးကို ထည့်သွင်းစဉ်းစားနေတယ်လို့ သိရှိရပါတယ်။
BBC Sport ရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်းအများအပြားရဲ့ ထိပ်တန်း အကြီးအကဲတွေက မန်စီးတီးရဲ့ဘဏ္ဍာရေးဆိုင်ရာမသမာမှုတွေကြောင့် အသင်းပိုင်ရှင်တွေကို အတင်းအကျပ် ရောင်းချစေဖို့ တောင်းဆိုနေကြပြီလို့ သိရပါတယ်။
မန်စီးတီးကို ယူအေအီး (UAE) ဒုတိယသမ္မတနဲ့ ဒုတိယဝန်ကြီးချုပ် ရှိတ်ခ်မန်ဆာ ပိုင်ဆိုင်တဲ့ Abu Dhabi United Group ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ပိုင်ဆိုင်ထားပါတယ်။
ကလပ်အသင်းဘက်ကတော့ ဘာအမှားအယွင်းမှ မကျူးလွန်ခဲ့ဘူးလို့ ဆက်လက်ငြင်းဆိုထားပါတယ်။